Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ဒီးမော့ဆိုမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်တွေက တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

04 December - 2022

ပတ်တနာ၊ အောက်တိုဘာ ၁၂

အုပ်စုဖွဲ့ရွှေမှောင်ခိုဂိုဏ်းများကို အိန္ဒိယနိုင်ငံတဝန်း အကြီးစားဖြိုခွဲမှုများပြုလုပ်ချိန်တွင် အိန္ဒိယအခွန်ငွေထောက်လှမ်းရေးညွှန်ကြားမှုဌာန(DRI)နှင့် အကောက်ခွန်ဌာနတို့က လူ ၃ ယောက်နှင့် ရူပီးငွေ ၂.၈၆ သိန်း(မြန်မာကျပ်ငွေ ၇၃၁ သိန်းကျော်) တန်ဖိုးရှိ ရွှေချောင်း ၃၅ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ထိုရွှေချောင်းများကို မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ၊ မူဇာဖာပူရ်ခရိုင်ဘက်သို့ သယ်လာချိန်တွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ရွှေချောင်းအလေးချိန်မှာ ၅ ဒဿမ ၈၅ ကီလိုဂရမ်ရှိသည်။

တနင်္ဂနွေနေ့မနက်ပိုင်းတွင် ကြားဖြတ်စစ်ဆေးခဲ့ပြီး နာရီအတော်ကြာကြာတွင်မှ DRI ကထုတ်ပြန်ခြင်းဖြစ်သည်။

ထိုရွှေချောင်းများမှာ ၂၄ ကာရတ်ရွှေချောင်းအစစ်များဖြစ်ပြီး ကားအင်ဂျင်အောက်မှဘက်ထရီများထဲတွင် တွေ့ရှိခြင်းဖြစ်သည်။

ထိုရွှေများသည် မြန်မာနိုင်ငံမှလာခြင်းဖြစ်နိုင်ပြီး မြန်မာရွှေဈေးကွက်တွင်အသုံးပြုသည့်တံဆိပ်များတွေ့ရကြောင်း သတင်းရင်းမြစ်တယောက်ကပြောသည်။

ဖမ်းဆီးခံလူ ၃ ယောက်၏ လုံခြုံရေးအတွက် ထိုသူများ၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ထိုသူများသည် ယခင်ကလည်း အိန္ဒိယဘက်သို့ ရွှေချောင်းများတရားမဝင်သယ်ယူခဲ့သည့်မှတ်တမ်းရှိကြောင်းလည်း ထိုသတင်းရင်းမြစ်က အသိပေးသည်။

Source – TOI
#ဥက္ကာ #MeKongNews
Photo – TOI

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။