Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

အင်းသားစာပေ အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူထား

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလူမျိုးတွေရဲ့ အင်းသားစာပေ အတည်ပြုနိုင်ရေး အတွက် နောက်ဆုံး အစည်းအဝေး ခေါ်ယူထားတယ်လို့ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ထံကနေ သိရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

ဘန်ကောက်၊ ဒီဇင်ဘာ ၁၅

ဂြိုဟ်တုများကိုအသုံးပြုပြီး မဲခေါင်မြစ်မှတရုတ်ရေလှောင်တမံများ၏ရေပမာဏကို ခြေရာကောက်ကာအချက်အလက်များထုတ်ပြန်မည့်စီမံကိန်းတခုကို တနင်္လာနေ့တွင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားသည့်စီမံကိန်းတခုက စတင်မိတ်ဆက်လိုက်သည်။

တရုတ်နိုင်ငံတွင် လန်ချန်းမြစ်ဟုသိကြပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကိုဖြတ်သန်းစီးဆင်းသည့် ကီလိုမီတာ ၄၃၅၀ ကျော်ရှည်သည့်မြစ် အာရှတိုက်တွင် အမေရိကန်နှင့်တရုတ်တို့၏ပြိုင်ဆိုင်မှုဆုံချက်ဖြစ်လာသည်။

အမေရိကန်၏သုတေသနလုပ်ငန်းကို တရုတ်နိုင်ငံကပယ်ချထားပြီး တရုတ်တမံများသည် မြစ်ညှာတွင်ရှိပြီးလူ သန်း ၆၀ ခန့်က ငါးဖမ်းလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းတို့အတွက်မှီခိုနေရသောနိုင်ငံများအတွက်ချန်ကာ ရေသိုလှောင်ထားသည်ဟုပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတစိတ်တပိုင်းငွေကြေးထောက်ပံ့ထားသည့် မဲခေါင်တမံစောင့်ကြည့်လေ့လာရေးစီမံကိန်းသည် တိမ်များကိုထိုးဖောက်မြင်နိုင်သည့်ဂြိုဟ်တုများကိုအသုံးပြုပြီး တရုတ်နိုင်ငံနှင့်အခြားနိုင်ငံများမှတမံများ၏ ရေအမြင့်ကိုစောင့်ကြည့်မည်။

ထိုအချက်အလက်များကို လူတိုင်းအချိန်နှင့်တပြေးညီကြည့်နိုင်စေရန် ထုတ်ပြသွားမည်ဖြစ်သည်။

တမံများကြောင့် သဘာဝရေစီးကြောင်းကို မည်မျှသက်ရောက်မှုရှိကြောင်းလမ်းညွှန်မှုဖြစ်သော မည်သည့်အပိုင်းက ပိုစိုစွတ်ပြီး ပိုခြောက်သွေ့ကြောင်းပြသမည့် မြေမျက်နှာပြင်စိုစွတ်မှုကိုလည်း ပြသရန်ရှိနေသည်။

မဲခေါင်တမံစောင့်ကြည့်လေ့လာရေးစီမံကိန်း၏တစိတ်တပိုင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က အခြားနိုင်ငံများတွ့ဖင် ရေရှားပါးမှုဖြစ်နေချိန်တွင် တရုတ်တမံများက ရေလှောင်ထားသည်ဟုဖော်ထုတ်ခဲ့သည့် ကမ္ဘာမြေပေါ်မှမျက်လုံးများ Eyes on Earth အပါအဝင် ယခင်သုတေသနများကို တရုတ်နိုင်ငံကဝေဖန်ခဲ့သည်။

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် ပိုကောင်းသည့်အစီအစဉ်များပြုလုပ်နိုင်ရန်အကြံပေးသည့် မဲခေါင်မြစ်ဆိုင်ရာကော်မရှင်(MRC) နှင့်အချက်အလက်များဝေမျှသွားမည်ဟု ယခုနှစ်အစပိုင်းတွင် တရုတ်နိုင်ငံကသဘောတူခဲ့သည်။

မဲခေါင်မြစ်တလျှောက်နိုင်ငံများပါဝင်သော ဘေကျင်းအခြေစိုက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်မှုအဖွဲ့နှင့် မဲခေါင်-အမေရိကန်မိတ်ဖက်ဆောင်ရွက်ရေးအဖွဲ့ဟူ၍ အမေရိကန်နှင့်တရုတ်တို့၏စင်ပြိုင်အဖွဲ့များရှိသည်။

ထို ၂ နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးတွင်လည်း တင်းမာမှုများရှိနေသည်။

Source – Reuters
#ဥက္ကာ
#MeKongNews
Photo – VnExpress

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။