Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

အင်းသားစာပေ အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူထား

မဲခေါင်၊ ဒီဇင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလူမျိုးတွေရဲ့ အင်းသားစာပေ အတည်ပြုနိုင်ရေး အတွက် နောက်ဆုံး အစည်းအဝေး ခေါ်ယူထားတယ်လို့ အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း ထံကနေ သိရပါတယ်။

05 December - 2022

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

ဗာတီကန်၊ နိုဝင်ဘာ ၂၀

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏တရားဝင်အင်စတာဂရမ်အကောင့်က ဘရာဇီးမော်ဒယ်၏မလုံမလဲဓာတ်ပုံကို like လုပ်ခဲ့သည့်ဖြစ်ရပ်ရှိကြောင်း ပြီးခဲ့သည့်တပတ်အတွင်း သတင်းဖော်ပြမှုများရှိခဲ့ပြီးနောက်ပိုင်း ထိုမော်ဒယ်က ကျေနပ်မိကြောင်းပြောသည်။

“အနည်းဆုံးတော့ ကျွန်မ ကောင်းကင်ဘုံရောက်မယ့်သဘောပေါ့။”ဟု နာတာလီယာ ဂါဘရီဘော်တိုက တွစ်တာတွင်ပြောသည်။

ကျောင်းဝတ်စုံဝတ်ဆင်ထားသည့် နာတာလီယာ ဂါဘရီဘော်တို၏ပုံကို မည်သည့်အချိန်တွင် like လုပ်ခဲ့ကြောင်း မရှင်းလင်းသေးချေ။

ပြီးခဲ့သည့်သောကြာနေ့တွင် သတင်းဌာနများက like ထားသည့်ဖြစ်ရပ်ကိုဖော်ပြခဲ့ပြီးနောက်ပိုင်း ပုပ်ရဟန်းမင်းကြီးအကောင့်က ထိုပုံကို like ပြန်ဖြုတ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအကောင့်ဖြင့် ထိုဖြစ်ရပ် မည်သည့်အကြောင်းကြောင့်ဖြစ်ခဲ့ခြင်းကို စုံစမ်းဖော်ထုတ်နေကြောင်းထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး၏တရားဝင်အင်စတာဂရမ်အကောင့်ဖြစ်သော franciscus ကို ကမ္ဘာတဝန်းမှာ Follow လုပ်ထားသူ ၇.၄ သန်းကျော်ရှိသည်။

ဝန်ထမ်းအဖွဲ့တဖွဲ့က ပုပ်ရဟန်းမင်းကြီး၏လူမှုကွန်ရက်အကောင့်များကို စီမံခန့်ခွဲခြင်းဖြစ်ပြီး အဖွဲ့ကိုလည်း စစ်ဆေးမေးမြန်းမှုများလုပ်နေကြောင်း ဗာတီကန်ပြန်ကြားရေးရုံးသတင်းရင်းမြစ်များက ကတ်သလစ်သတင်းအေဂျင်စီကို အင်္ဂါနေ့တွင်ပြောသည်။

Source - BBC
#ဥက္ကာ
#MeKongNews
Photo – Catholic News Agency

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။