Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

မြန်မာ့နွေဦး

တမူးဖြစ်စဥ် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ သွေဖည်လို့ ကျူးလွန်သူ မည်သူမဆို အ‌ရေးယူမယ်လို့ NUG ထုတ်ပြန်ထုတ်ပြန်

မဲခေါင်၊ဒီဇင်ဘာ၆ တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေသလို ကျူးလွန်သူ ဘယ်သူကိုမဆို ဥပဒေနဲ့အညီ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီဇင်ဘာလ ၅ရက်နေ့ က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ရှမ်းပြည်နယ် တရားသူကြီးချုပ်နဲ့ တရားသူကြီးကို စစ်ကောင်စီ ပြောင်းလဲ

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နဲ့ ရှမ်းပြည်နယ်တရားသူကြီးတို့ကို စစ်ကောင်စီက ပြောင်းလဲ ခန့်အပ်တယ်လို့ မနေ့ ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ကုန်းသာကျေးရွာမှာ မိုင်းရှင်းလင်းရေးလုပ်ရင်း PDFရဲဘော် ၃ဦး ဒဏ်ရာရရှိ

မဲခေါင်၊ ဒီဇင်ဘာ ၆ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်း ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)က သိရပါတယ်။

06 December - 2022

မှုခင်းသတင်း

တောင်ကြီးမြို့နယ်မှာ ၂ ရက်အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု ၁ ကြိမ်ဖြစ်ပွား

မဲခေါင်၊ ဒီဇင်ဘာ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နဲ့ ရွှေညောင်မြို့မှာ ဒီဇင်ဘာလ ၃ ရက်ကနေ ၄ ရက်အထိ ၂ ရက်တာ အတွင်း ဓားထောက်လုယက်မှု ၂ ကြိမ်နဲ့ ဓားပြတိုက်မှု တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေထံက သိရပါတယ်။

06 December - 2022

မြန်မာ့နွေဦး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

06 December - 2022

လန်ဒန်၊ စက်တင်ဘာ ၁၉

ဗြိတိန်နိုင်ငံသားတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝန်းက မင်းမျိုးမင်းနွယ်တွေက တနင်္လာနေ့မှာ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်သ်ဈာပနကိုတက်ရောက်ပြီး နောက်ဆုံးနှုတ်ဆက်စကားဆိုနေပါတယ်။

လန်ဒန်က သမိုင်းဝင် ဝက်စ်မင်နင်စတာခန်းမမှာ ထားရှိထားတဲ့ ဘုရင်မကြီးရုပ်အလောင်းကို လူထောင်ချီက ၄ ရက်ကြာနေ့စဉ်လာရောက်ဂါရဝပြုခဲ့ပြီး ဒီနေ့မှာ ဈာပနအခမ်းအနားပြုလုပ်တာပါ။

ဗြိတိန်ထီးနန်း နှစ် ၇၀ ကျော်ကြာအောင်စိုးစံခဲ့တဲ့ သက်တော် ၉၆ နှစ်ရှိနေတဲ့ဘုရင်မကြီးကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်အပါအဝင် တက်ရောက်နှုတ်ဆက်သူတွေက ဘုရင်မကြီးကို ချီးကျူးစကားပြောခဲ့ပါတယ်။

“ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော သူ့ကို နှစ် ၇၀ လောက် တွေ့ခဲ့ရတာ ကံကောင်းလို့ပါ” လို့ ဘိုင်ဒန်ကပြောပါတယ်။

နေ့လည်ပိုင်းမှာတော့ သေနတ်ပစ်ဖောက်ဂုဏ်ပြုမှာဖြစ်ပြီး ဝက်စ်မင်နစ်စတာခရစ်ယာန်ကျောင်းတိုက်ကို ရေတပ်အမှုထမ်းတွေက အသုဘအခမ်းအနားအတွက် ခေါင်းတလားသယ်ဆောင်သွားမှာပါ။

အခမ်းအနားတက်ရောက်သူ ၂၀၀၀ လောက်မှာ ဘိုင်ဒန်၊ ဂျပန်ဧကရာဇ် နာရူဟီတို၊ တရုတ်ဒုတိယသမ္မတ ဝမ် ကျီရှန်း၊ တောင်အာဖရိကသမ္မတ ဆီရေး ရာမာဖိုဆာအပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၅၀၀ လောက်လည်း ပါဝင်ပါတယ်။

ဘုရင်မကြီးရဲ့မြစ်တော်နဲ့ အခုအိမ်ရှေ့စံဖြစ်လာတဲ့ ဝီလီယံမင်းသားရဲ့မျိုးဆက်ထဲကအကြီးဆုံး ၂ ပါးဖြစ်တဲ့ သက်တော် ၉ နှစ်ရှိ ဂျော့မင်းသားနဲ့ သက်တော် ၇ နှစ်ရှိ ချားလော့မင်းသမီးတို့လည်း တက်ရောက်မှာပါ။

“ပြီးခဲ့တဲ့ ၁၀ ရက်မှာ ကြင်ယာတော်နဲ့ ကျွန်တော့်ဆီကို ထပ်တူဝမ်းနည်းကြောင်းနဲ့ ထောက်ခံပေးနေကြောင်း ဗြိတိန်နဲ့ ကမ္ဘာတဝန်းက သတင်းစကားအများအပြားလက်ခံရရှိခဲ့ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားပြောဖို့ပြင်ဆင်နေချိန်မှာပဲ ဝမ်းနည်းကြေကွဲရတဲ့ကာလမှာ မိသားစုနဲ့ကျွန်တော့်ကို စိတ်သက်သာရာရအောင် ထောက်ခံပေးနေတဲ့မရေမတွက်နိုင်တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်” လို့ သားတော်နဲ့ လက်ရှိနန်းမွေဆက်ခံရတဲ့ ချားလ်စ်ဘုရင်က စာထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်မှာ စကော့တလန်က နွေရာသီစံအိမ်မှာ ဘုရင်မကြီး နတ်ရွာစံခဲ့ပါတယ်။

သက်တော် ၉၀ ကျော်လာတဲ့အထိ တရားဝင်အခမ်းအနားရာပေါင်းများစွာတက်ရောက်ခဲ့ပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့ဘုရင်မကြီးဟာ ပြီးခဲ့တဲ့လတွေအတွင်းရုပ်လုံးထွက်မပြခဲ့ပေမဲ့ နတ်ရွာမစံမီ ၂ ရက်အလိုမှာ လစ်ဇ် ထရပ်စ်ကို သူ့ရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။

Source – Reuters
Photo – BBC၊ EPA၊ Getty Images
#ဥက္ကာ #MeKongNews

 

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။