Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

ပင်မစာမျက်နှာ

နိုင်ငံတကာသတင်း

လူ ၄ ဦးသေစေခဲ့တဲ့ ပိန်ဆေး LYN ထုတ်ကုမ္ပဏီ အမှုဆောင်၀ရမ်းပြေးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံမှာ ၂၀၁၈ ခုနှစ်က LYN ပိန်ဆေးသုံးလို့ လူလေးဦးသေဆုံးခဲ့ရတဲ့အမှုမှာ တရားရုံးကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ အာမခံရပြီးနောက် ထွက်ပြေးသွားတဲ့ ကုမ္ပဏီအမှုဆောင်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဘန်ကောက်ကွန်ဒိုတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

04 December - 2022

မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ ဆိုင်ကယ်တွေ လိုက်လံဖမ်းဆီးပြီး ငွေညှစ်နေ

မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်နဲ့ ပွဲစားတွေရဲ့ အိမ်အထိ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

04 December - 2022

နိုင်ငံတကာသတင်း

အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီအမိန့်နဲ့ ဂိုဏ်းစတားတွေအားလုံး ဖမ်းဖို့ ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ရဲ ၁၀၀၀၀ ဖြင့်ဝိုင်းပိတ်

မဲခေါင်၊ ဒီဇင်ဘာ ၄ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ ကမ္ဘာ့မှုခင်းအထူးပြောဆုံးနဲ့ လူသတ်မှုကျူးလွန်မှုအများဆုံးနိုင်ငံတွေထဲ ထိပ်တန်းက ပါဝင်နေတာကြောင့် ၂၀၁၉ ဇွန် ၁ ရက်နေ့ကနေစပြီး နိုင်ငံသမ္မတဖြစ်လာတဲ့ နာယစ်ဘ်ဘူကူလီဟာ သူ့သမ္မတ သက်တမ်းအတွင်း လမ်းပေါ်ဂိုဏ်းစတားတွေအားလုံးကို အမြစ်ဖြတ်နှိမ်နင်းရေးစီမံကိန်းကို ချမှတ်လုပ်ဆောင်နေရာမှာ ဒီဇင်ဘာ ၃ ရက်နေ့က မြို့တော် အယ်လ်ဆယ်လ်ဗက်တာနဲ့ ရှစ်မိုင်သာဝေးကွာတဲ့ စီးပွားရေးမြို့တော် ဆိုယာပန်ဂိုမြို့ကို စစ်သားနဲ့ ရဲ ၁၀၀၀၀ ကို...

04 December - 2022

အာဆီယံဒေသတွင်းသတင်း

တာချီလိတ်ကနေ ထိုင်းနိုင်ငံကို တရားမဝင်သွားတဲ့ ကျောက်မဲမြို့က ၁၇ ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဒီဇင်ဘာ ၄ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်တဲ့သူ ၁၇ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

04 December - 2022

မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိ

မဲခေါင်၊ ဒီဇင်ဘာ ၄ ဒီးမော့ဆိုမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်တွေက တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ၄ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

04 December - 2022

ဘန်ကောက်၊ ဇန်နဝါရီ ၁၉

လက်ရှိလွတ်ငြိမ်းချမ်းသာခွင့်မကုန်မီ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်ခန့်အပ်မှုဌာနတွင် ကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်များကဖြစ်စေ တရားဝင်မှတ်ပုံတင်ရန် ထိုင်းအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟိုဌာန(CCSA)က တနင်္ဂနွေနေ့တွင်တိုက်တွန်းခဲ့သည်။

အလုပ်ရှင်များက တရားမဝင်အလုပ်သမားများကြောင့် ဥပဒေအရအရေးယူမခံရစေရန် သူတို့ကို ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးခံရန်ရှောင်နေပါက သူတို့ထံမှ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နိုင်သဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နောက်ဆုံးထားပြီးမှတ်ပုံတင်ရန် CCSA ပြောခွင့်ရသူ ဒေါက်တာ တာဝီဆလစ် ဝိသာနုယိုဆင်ကပြောသည်။

တရားမဝင်ရွှေ့ပြောင်းလုပ်သားအများစုသည် လူငယ်များဖြစ်ပြီး ရောဂါလက္ခဏာများမပြဘဲ ရောဂါကူးစက်နေနိုင်ကာ ဗိုင်းရပ်စ်ပျံ့နှံ့မှုဖြစ်နိုင်သည်ဟု ဒေါက်တာ တာဝီဆလစ်က သတိပေးသည်။

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှတရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ပြီးခဲ့သည့်တပတ်မှစတင်၍ ဖေဖော်ဝါရီ ၁၃ ရက်အထိ ထိုင်းအစိုးရက ပြစ်ဒဏ်မပေးဘဲ မှတ်ပုံတင်ခွင့်ပေးထားပြီး သူတို့ကျန်းမာရေးအခြေအနေကို စစ်ဆေးရန် ရည်ရွယ်သည်။

မှတ်ပုံတင်ပြီးပါက ထိုင်းတွင် ၂ နှစ်နေထိုင်အလုပ်လုပ်နိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်ရှိနေသည့် မှီခိုသူ ၁ ယောက်နှင့်အတူလည်း နေထိုင်ခွင့်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်လတွင် မြန်မာလုပ်သားအများစု အလုပ်လုပ်နေသည့် ပုစွန်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံတဝန်းတွင် ပြည်တွင်းကူးစက်မှုများ မြင့်တက်လာသဖြင့် ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးစစ်ဆေးနိုင်စေရန် ထိုင်းအစိုးရက တရားမဝင်လုပ်သားများအား မှတ်ပုံတင်ခိုင်းခဲ့ခြင်းဖြစ်သည်။

Source – Bangkok Post
#ဥက္ကာ
#MeKongNews
Photo – Khaosod

Mekong News Myanmar

COVID-19 သတင်းများ

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။