Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ၂၅

ကရင်အမျိုးသားအစည်းအရုံး-KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ အတွင်း တစ်ရက်ထဲ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးကာ ၂၄ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၈ နာရီမှာ ကျုံဒိုးမြို့နယ်၊ လားတကော တောင်ပိုင်း ဒေသအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်ရင်း (၂၇) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မနက် ၉ နာရီ ၁၀ မိနစ်မှာ ကော့ကရိတ်မြို့နယ်အတွင်း KNLA၊ တပ်ရင်း (၂၇)၊ တပ်ခွဲ (၂) Cobra စစ်ကြောင်း လုံခြုံရေး ယူထားတဲ့ နေရာအတွင်းသို့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၂)၊ ခမရ (၁၀၇)၊ ခမရ (၂၀၇) တပ်ရင်း တွေဟာ Cobra စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်လို့ ပြန်လည်ခုခံ ခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်းမှာ စစ်ကောင်စီတပ် ခမရ (၂) တပ်ဖွဲ့ဝင်တွေ ဘလယ်ဒိုခီးတောင်ခြေ ထီးကမားဒေသ အတွင်းသို့ ရောက်ရှိလာပြီး Cobra စစ်ကြောင်း ကားတစ်စီးနဲ့ ပြည်သူ ကားတစီး ပြန်လာချိန်မှာ ခြုံခို တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ တစ်ရက်အတွင်း တိုက်ပွဲပေါင်း ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး KNLA၊ တပ်ရင် (၂၇) မှ စစ်သမီး ၂ ဦး အပါဝင်စုစုပေါင်း ၃ ဦး အသက်စွန့်ခဲ့ရပြီး ၁၁ ဦး မစိုးရိမ် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေမှ ၂၄ ရက်နေ့အထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၃ ဦး သေဆုံးကာ ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။