Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ၂၅

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီ လက်အောက်က်ခံ ဗဟန်းမြိုန့ယ် ရားရုံးမှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အတွက် မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးစည်သူအောင်မြင့်ဟာ မူလက ပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

ဝါရင့် သတင်းစာဆရာ ဖြစ်တဲ့ ဦးစည်သူအောင်မြင့်ဟာ VOA မြန်မာပိုင်း သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သလို Frontier မြန်မာသတင်းဌာနနဲ့ မြန်မာနောင်း သတင်းဌာနတွေ အပြင် သတင်းဌာန အများစုမှာ သတင်းဆောင်းပါး သုံးသပ်ချက်တွေ ရေးသားခဲ့သူ ဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဗဟန်းမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘီဘီစီ မီဒီယာ အက်ရှင်ရဲ့ အလွတ်တန်း ထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးစည်သူအောင်မြင့်ကို ပုစွန်တောင်မြိုန့ယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က၊ နိုင်ငံတော် အကြည် အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲဆိုခဲ့ပြီး အခု ၂ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ဖြစ်ပါတယ်။ နောက်ထပ် ပုဒ်မ ၁၂၄ (က) ကိုလည်း ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။

မထက်ထက်ခိုင် ကိုတော့ ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီက တရားစွဲခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပါတယ်။

သတင်းသမားတွေ မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီနှစ် နိုဝင်ဘာလအထိ တနိုင်ငံလုံးမှာ သတင်းသမား ၁၅၀ နီးပါး ဖမ်းဆီး ခံခဲ့ရပါတယ်။

အခုနိုဝင်ဘာလ နောက်ဆုံး စာရင်းအရ ဖမ်းဆီးခံ ၁၅၀ နီးပါးထဲက ၉၀ ကျော် ပြန်လွတ်ခဲ့ပြီး လက်ရှိ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင် အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။