Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ စံရွေးတန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်ထွန်း ယနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၅ ရက်၊ မနက် ၇ နာရီ ဝန်းကျင်က အုပ်ချုပ်ရေးမှူးပိုင် ဆေးဆိုင်ဖွင့်နေစဉ် အမျိုးသား ၂ ဦးက သေနတ်နဲ့ ၄ ချက်ပစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"သူက ရုံးမှာ စစ်တပ်ကသူတွေနဲ့ ပေါင်းပြီး နေတာတော့ရှိတယ်။ အလောင်းတော့ လာသယ်သွားကြပြီ။ ခုတော့ မြို့အဝင်အထွက်တွေ ပိတ်ပြီး စစ်နေတယ်။ ဒီမှာ ခုလို အသတ်ခံရရင် မဆိုင်တဲ့သူတွေ ဖမ်းပြီး ရိုက်နှက်စစ်ဆေးတာတွေရှိတယ်" လို့ သူကပြောပါတယ်။

အုပ်ချုပ်ရေးမှူး ထွန်းထွန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီကျော်က သုံးဆယ်မြို့ အနောက်က ညင်တပင်ကျေးရွာ အုပ်ချုပ်ရေးမှူး မင်းနိုင်နဲ့ မြစ်ကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး ကြီးမြင့်တို့ ၂ ဦး စိုက်ပျိုးရေးဘဏ်မှပြန်လာစဉ် သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်း ခဲ့ပါသေးတယ်။

MK-005
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။