Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ ၂၅

စစ်ကောင်စီက ပြုလုပ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တော်လှန်ရေးအဖွဲ့ တခုက ဒီကနေ့ မနက် ၁၀ နာရီမှာ ဝင်ရောက် ဆန္ဒပြခဲ့ပါတယ်။

ဒီပွဲမှာ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက် မိန့်ခွန်းပြောတဲ့ပွဲဖြစ်ပြီး လူကိုယ်တိုင်နဲ့ Online က တက်ရောက်တာ ပုံစံ ၂ မျိုး ပေါင်းလုပ်ထားတဲ့ Hybrid ပုံစံ အခမ်းအနားဖြစ်ကာ တော်လှန်ရေး ရဲဘော်တွေ အနေနဲ့ စစ်ကောင်စီရဲ့ Zoom အစည်းအဝေး ထဲကို ဝင်ရောက်ဆန္ဒပြခဲ့တာပါ။

အဲဒီ အခမ်းအနား အတွင်းမှာ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသား ၂ ခုပါတဲ့ Zoom နောက်ခံပုံတွေ ပြောင်းကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေး ရဲဘော်တွေအနေနဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန်ဌာနထဲက တော်လှန်ရေး ဘက်တော်သား တွေရဲ့ကူညီမှုနဲ့ အခမ်းအနား အတွင်း ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၅ မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ပါတယ်။

ဆန္ဒပြရာမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဗီဒီယိုဖွင့်တာ၊ အသံနဲ့ ဆန္ဒထုတ်ဖော်တာ‌တွေ ပြုလုပ်ဖို့ ရည်ရွယ်ထား ပေမယ့် Zoom Setting မှာ အဲဒီ လုပ်ဆောင်ချက်‌တွေကို ပိတ်ထားတဲ့ အတွက် စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းကာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။