Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာလ ၂၄

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာနေ စစ်တပ် သတင်းပေး ဆိုသူ အမျိုးသား ဒီကနေ့ မနက်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ Dawei Information Center က ထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်၊ နံနက် ၈ နာရီခန့်မှာ ကိုမင်းဇော် ဆိုသူကို့ သူ့ရဲ့ ခြံအတွင်းမှာ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ရဲဘော်တွေက ဝင်ရောက် ဖမ်းဆီးကာ တောလမ်းတစ်နေရာမှာ ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

"ဦးခေါင်းကို သေနတ်ကျည် တစ်ချက် ပစ်ပါတယ်။ ဒလန်တော့ ပွဲချင်းပြီး ဆုံးပါးသွားတယ်။ ညနေပိုင်းထိ အလောင်းကို လာယူမဲ့သူ မရှိကြသေးဘူး" လို့ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေး ထပ်မလုပ်ဖို့ ကိုမင်းဇော်ကို တနင်္သာရီ-ပကဖ က အကြိမ်ကြိမ် သတိပေးခဲ့ ပေမယ့် လိုက်နာခြင်း မရှိဘဲ ဆက်လုပ်ဆောင်နေတာကြောင့် ရှင်းလင်း လိုက်ရတာလို့ ဆိုပါတယ်။

ကိုမင်းဇော် အနေနဲ့ စစ်တပ် သတင်းပေး လုပ်ကိုင်ခြင်း ရှိရှိကိုမူ မဲခေါင်သတင်း အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တနင်္သာရီမြို့နယ်အတွင်းရှိ သတင်းပေး ဒလန်တွေကို အမြန်ဆုံး သုတ်သင်ရှင်းလင်းမယ်လို့ အကြိမ်ကြိမ် သတိပေးစာ ထုတ်ထားပြီး အချိန်မနှောင်းခင် ပြည်သူနဲ့ အတူရပ်တည်ပေးရဖို့ တနင်္သာရီ- ပကဖ က ထပ်လောင်း ထုတ်ပြန်ထားပါတယ်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။