Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာလ ၂၄

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာနဲ့ စစ်ပြဲရွာကြားမှာ ပစ်သတ်ခံထားရတဲ့ အမျိုးသမီး အလောင်းကို ဒီကနေ့ နံနက်ပိုင်းက ဒေသခံ‌တွေ တွေ့ရှိခဲ့တယ်လို့ Dawei Information Center က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်၊ ညနေ ၄ နာရီခန့်မှာ အသက် ၆၀ ကျော်အရွယ်ရှိ ဒေါ်မေသက်ရီဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ အပြင်ထွက်သွားပြီးနောက် သေနတ်ဒဏ်ရာနဲ့ အလောင်းကို ဒီကနေ့ ပြန်လည် တွေ့ရှိခဲ့တာလို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

"မနေ့က ရွာဖက်မှာ သေနတ် ပစ်ခတ်သံတွေ မကြားမိပါဘူး။ ဖမ်းသွားပြီး ပစ်သတ်ပြီး အလောင်း လာစွန့်ပစ်ခဲ့တာ ထင်ပါတယ်။ ခေါင်းမှာ ကျည်ပေါက်ရာနဲ့ မှောက်ရက် သေနေလို့ ပရဟိတ အသင်းက လာယူသွားတယ်" လို့ သူကဆိုပါတယ်။

ဒေါ်မေသက်ရီဟာ နေအိမ်က ထွက်သွားစဉ် ဆိုင်ကယ် ပါပေမယ့် အလောင်း ပြန်တွေ့ချိန်မှာ ပျောက်နေပြီး သူ့ကို ဘယ်သူက ဘာကြောင့် သတ်သွားတယ် ဆိုတာကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

MK-003
#MeKongNews
ပုံစာ- ဒေါ်မေသက်ရီရဲ့ အလောင်းကို ပရဟိတအဖွဲ့က သယ်ယူနေစဉ်

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။