Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ၂၄

ယွမ်နဲ့ ဘတ်ငွေကို ဒေါ်လာမူဝါဒအတိုင်း ကျင့်သုံးသွားမယ်လို့ စစ်ကောင်စီထုတ်ပြန်ပြီးနောက်မှာ ဆက်တိုက်ကျဆင်းနေတဲ့​ဒေါ်လာစျေး အကျဘက်သို့သာဆက်လက်ဦးတည်နေတယ်လို့ ငွေကြေးသုံးသပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံဌာန ဗဟိုဘဏ်က နိုဝင်ဘာ ၁၇ ရက်နေ့မှာယွမ်နဲ့ ဘတ်ငွေကို ဒေါ်လာမူဝါဒအတိုင်း ကျင့်သုံးသွားမယ်လို့​ ကြေညာချက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"အမည်မည်းစာရင်းကြေညာလိုက်တဲ့ ၈ လပိုင်းကစပြီး ဒေါ်လာစျေးက စံချိန်တင်တက်သွားတာ စျေးကစားတဲ့သူတွေ ဒေါ်လာကိုစျေးကြီးမိထားတဲ့သူတွေက စျေးတက်အောင်ဝိုင်းလုပ်တဲ့အတွက် ငွေလဲနှုန်းတွေက အရမ်းတက်သွားတာ အခုတဖြည်းဖြည်း ကျလာနေတယ်။ ပို့ကုန်သွင်းကုန်မူဝါဒပိုင်းမှာ စစ်ကောင်စီက တစ်ဆင့်တစ်ဆင့်တင်းကျပ်မှုတွေလုပ်လာတဲ့အတွက် အခုယွမ်နဲ့ဘတ်ငွေကို ဒေါ်လာမူဝါဒအတိုင်းလုပ်ဆောင်မယ့်ထုတ်ပြန်ချက်ကြောင့် ငွေလဲနှုန်းက အကျဘက်ကိုပဲဦးတည်နိုင်တယ်" လို့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ဒေါ်လာစျေး အဆမတန်မြင့်တက်ချိန်မှာ ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပေမယ့် ဒေါ်လာငွေလဲနှုန်း အကျဘက်သို့ဦးတည်နေပေမယ့် ကုန်စျေးနှုန်းမှာ လိုက်လံကျဆင်းတာမရှိဘူးလို့ သူကပြောပါတယ်။

ဩဂုတ်လဆန်းပိုင်းမှစတင်ကာ တဒေါ်လာ ၄၅၀၀ ကျပ်အထိ စံချိန်တင် အတက်ကြမ်းခဲ့တဲ့ ကန်ဒေါ်လာ ငွေလဲဈေးနှုန်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကစတင်လို့ တစ်ဒေါ်လာ ကျပ် ၃၀၀၀ အောက်ကို ဆက်တိုက် ပြန်လည်ကျဆင်းလာတာပါ။

အခုလို ငွေလဲနှုန်း ပြန်လည် ကျဆင်းလာတာဟာ ကမ္ဘာ့ရေနံဈေးနှုန်း အကျဘက်ရောက်လာခြင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာခြင်းတို့နဲ့ သက်ဆိုင်နေတယ်လို့ ငွေကြေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

တပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းဒေါ်လာဈေးတွေဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရောင်းဈေး တဒေါ်လာ ၂၉၃၀ ၊ ဝယ်ဈေး ၂၉၆၀ ၊ ၁၈ ရက်မှာ ရောင်းဈေး ၂၉၄၀ ၊ ဝယ်ဈေး ၂၉၁၀ ၊ ၁၉ ရက်မှာ ရောင်းဈေး ၂၉၂၀ ၊ ဝယ်ဈေး ၂၈၉၀ ၊ ၂၀ နဲ့ ၂၁ ရက်မှာ ရောင်းဈေး ၂၉၀၀ ၊ ဝယ်ဈေး ၂၈၇၀ ၊ ၂၂ ရက်မှာ ရောင်းဈေး ၂၈၉၀ ၊ ဝယ်ဈေး ၂၈၆၀ ၊ ၂၃ ရက်မှာ ရောင်းဈေး ၂၈၈၀၊ ဝယ်ဈေး ၂၈၅၀ ရှိကြောင်း စျေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

MK-006
#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။