Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ရပ်ကွက်ထဲမှာ အိမ်ဖျက်ခံထားရတဲ့ မင်္ဂလာဒုံ ဒေသခံ ပြည်သူတွေကို ညအိပ် လက်မခံကြဖို့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့က လိုက်လံ ခြိမ်းခြောက် ပြောဆိုနေတယ်လို့ သတင်းရရှိပါတယ်။

အခု ရက်ပိုင်း အတွင်း မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက် ၅ ခုကို ကျူးကျော် နေအိမ်များဟု ဆိုကာ စစ်တပ်က နေအိမ်များ ဖျက်ခိုင်းလို့ ရပ်ကွက်နေ ပြည်သူ အများစုမှာ နေစရာ အိမ်မရှိတော့တဲ့ အတွက် အခက်အခဲများနဲ့ ရင်ဆိုင်နေရတာပါ။

"၂၃ ရက်နေ့ မနက်ပိုင်းက ခွေးတွေ အုပ်စုလိုက် လာပြောတယ်။ အဆောင်ဖွင့်စားတဲ့ သူတွေနဲ့ အိမ်ငှားစားတဲ့ သူတွေကို အဓိကထားပြီး ပြောတာပါ။ မင်္ဂလာဒုံဘက်က လူတွေလာရင် မထားဖို့နဲ့ မငှားဖို့ဆိုပြီး ပြောသွားတာ။ စာထုတ်တာတွေတော့ မရှိဘူး။ ပါးစပ်နဲ့ပဲ။ ရွှေပေါက်ကံ ရပ်ကွက်ထဲလိုက်ပြီး အဖွဲ့လိုက် အိမ်တွေကို ဝင်ပြောနေတာ" လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရပ်ကွက် ၅ ခုကို စစ်ကောင်စီက နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထား အတင်းအကြပ် ပြောင်းရွှေ့ခိုင်းရာက နေစရာမရှိတော့လို့ ပြည်သူ ၄ ဦး ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

signal 2022 11 24 124100 003

"မင်္ဂလာဒုံမှာ နေတဲ့သူတွေ ဒုက္ခ ရောက်အောင် လုပ်တာလေ။ သူတို့ကို နေစရာ မငှားဖို့နဲ့ နေစရာ မပေးဖို့ စစ်တပ်ကကောင်တွေ လိုက်ပြီး ခြိမ်းခြောက်နေကြတာ။ အဲ့ရပ်ကွက်မှာ အိမ်ခြေက ၄၀,၀၀၀ ကျော်လောက်ရှိတယ်။ နေစရာပျောက်ပြီး ဆူပူမှုတွေ ဖြစ်အောင် လုပ်နေတာလို့ ထင်တယ်" လို့ သူကပြောပါတယ်။

ဒါ့အပြင် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်အတွင်းရှိ ကံသာဇေယျုံလမ်းက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်တပ် အင်အားသုံး ဖျက်ဆီးခဲ့ပြီး ဓာတ်ပုံရိုက်သူနဲ့ အိမ်အတွင်း ပစ္စည်း ဝင်ယူသူ အချို့ကို ရိုက်နှက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

MK-005
#MeKongNews
ပုံစာ- မင်္ဂလာဒုံမြို့နယ်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီက ဖျက်ထားပုံ

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။