Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ နိုဝင်ဘာ ၂၄

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာကြားမှာ မိုင်းရှင်းလင်းဖို့ ရောက်လာတဲ့ စစ်ကောင်စီ တပ်သားတွေ မိုင်းထိလို့ ၆ ဦး သေဆုံးတယ်လို့ Dawei Guerrilla Revolutionary Force - DGRF က နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ပါတယ်။

မိုင်းရှင်းဖို့ ရောက်လာတဲ့ အင်အား ၃၀ ပါ စစ်‌ကောင်စီတပ်ကို နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၄ နာရီခန့်မှာ ထားဝယ်-ပကဖ- DGRF ရဲဘော်‌တွေက ၆၀ မမ ဗုံးဆံ ၂ လုံး၊ မိုင်း ၃ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၁၂ ဦးနဲ့ အထက် ဒဏ်ရာ အပြင်းထန် ရရှိခဲ့တယ်လို့ DGRF က ဆိုပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံး ဒဏ်ရာရသူတွေကို စစ်တပ်က အရေးပေါ်ကား ၅ စီးနဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ DGRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးနား ပတ်ဝန်းကျင်သို့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်သား‌တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း Dawei Guerrilla Revolutionary Force – DGRF ရဲ့ ယာယီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

MK-003
#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။