Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်း-ကယားနယ်စပ်၊ မိုးဗြဲမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး မဟာမိတ်တပ်ပေါင်းစုဖက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ၊ ကာလဝါရီတောင်ပေါ်မှ ထိုးစစ်ဆင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URFတို့နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါဝာယ်။

အဲဒီတိုက်ပွဲက မနက် နာရီခွဲက စတင်ထိတွေ့တိုက်ပွဲဖြစ်ပြီး ညနေ ၆နာရီအဖိ တိုက်ပွဲပြင်းထန်ခဲ့ကာ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ရဲရဲဝံ့ဝံ့ ကြံ့ကြံ့ခိုင်ခိုင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖက်က အထိအခိုက်အကျအဆုံးများပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဖက်ကလည်း အသေးစားဒဏ်ရာ ၄ဦး၊ စိုးရိမ်ရဒဏ်ရာ ၃ဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် ၂ဦးက နွေဦးတော်လှန်ရေးအတွက် အသက်စတေးခဲ့ရတယ်လို့ မိုးဗြဲPDFက ထုတ်ပြန်ထားပါတယ်။

အခုအချိန်ထိ ပူးပေါင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ဆက်လက်တောက်ခံနေဆဲဖြစ်ပြီး မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။