Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၃

ကရင်နီ(ကယား)ပြည်နယ်က တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် Digital Platform တစ်ခုဖြစ်တဲ့ Click 4 Freedom မှာ ပါဝင်ဖို့ ရှမ်းတောင်‌ပြည်သူ့ကာကွယ်ရေးဆေးတပ်(Dove KK)က ဒီကနေ့မှာ ထုတ်ပြန်စာထုတ်ပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မိမိတို့ရဲ့အင်တာနက်အသုံးပြုတဲ့အချိန်တွေထဲက အနည်းငယ်ဖဲ့ပြီး ကရင်နီက ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူတွေကို တစ်ထောင့်တစ်နေရာကနေကူညီချင်ပါက Click 4 Freedom ဆိုတဲ့ Digital platform မှာပါဝင်နိုင်ကြောင်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

306120626 423437946366346 7490401239600834795 n

Click 4 Freedom You Tube Channel ကို Subscribe လုပ်တာတွေနဲ့ Streamတာတွေ၊ Click 4 Freedom Telegram Channel ဝင် join ပြီးတော့ တစ်ရက် ၃ ကြိမ်ချပေးသော Link တွေကို နေ့စဉ်ကလစ်တာတွေကနေ ကူညီလို့ရသလို Click 4 Freedom ရဲ့ website တွေကို တစ်ရက်တစ်ကြိမ်ပုံမှန်ဝင်ကြည့်ပြီး ကူညီလို့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Quote For You Application ကို playstore မှာ download လုပ်ပြီး ကဗျာလေးစာတိုလေးတွေဖတ်နိုင်ရုံသာမက Dove KK ဆေးတပ်ဖွဲ့ရဲ့လှုပ်ရှားမှုအပါအဝင် ကရင်နီမြေပြင်မှာ အမှန်တကယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအကြောင်းနဲ့ ဆက်သွယ်ရမယ့်လိပ်စာတွေ ဝင်ဖတ်ပြီး ပါဝင်နိုင်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

303269245 2286769911489453 4314217787654412561 n

Dove KK က NUG လက်အောက်ခံ ရှမ်းတောင်၁၀၀၈တပ်ရင်းမှာ ပါဝင်လှုပ်ရှားနေသလို စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်ဘေးရှောင်စာသင်ကျောင်းတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ရိက္ခာထောက်ပို့လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။