Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊စက်တင်ဘာ ၂၃

စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်အတွင်းက လယ်သမားတွေကို ဖမ်းဆီး၊ သတ်ဖြတ်မှုတွေရှိလာကြောင့် လယ်ဧက ​၂၀၀၀ ကျော်နီးပါး လယ်မလုပ်နိုင်ဖြစ်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးမြို့နယ်မှာ တပ်စခန်း ၅ ခုကျော် တပ်ဆွဲထားသလို လွန်ခဲ့သည့်ရက် ၂၀ လောက်က လုပ်ငန်းခွင်ဝင်နေတဲ့ လယ်သမားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး လယ်သမား ၄ ဦးကိုလည်း စစ်တပ်က ဖမ်းစည်းခဲ့တယ်လို့သိရပါတယ်။

"ကျွဲနွားတွေက တပ်စခန်းနီးရာ နေရာတွေကိုရောက်သွားလို့၊ သွားခေါ်တာ၊ လယ်သမား ၄ ဦးကို ဖမ်းဆီးထားတယ်၊ သူတို့ကိုဖမ်းတဲ့နေ့မှာဘဲ၊ ပျိုးထောင်နေတုန်း တစ်ဦးကိုပစ်သတ်သွားတာ၊ အခုဆိုသူတို့နဲ့နီးရာက လယ်တွေ၊ ယာတွေ လုပ်စားလို့မရတော့ဘူး၊ လယ်ပိုင်တွေရှိရဲ့သားနဲ့၊ သူများလယ်အဌားပြန်လုပ်နေရတယ်၊ အလုပ်အကိုင်ကလည်း မရှိတော့ လယ်သမားအချင်းချင်း မျှပြီး စားသောက်နေရတာပေါ့၊ လယ်ဧက ၂၀၀၀ ကျော်နီးပါးလောက် လယ်လုပ်လို့မရတော့ဘူး" လို့ ဒေသခံလယ်သမားတစ်ဦးကပြောပါတယ်။

စစ်တပ်က လက်နက်ကြီ တွေနဲ့ပစ်ခတ်တာကြောင့် စိုက်ပျိူးမြေတွေမှာ ၅ ပေအနက်လောက်ရှိတဲ့ကျင်းတွေဖြစ်ပေါ်ကာ စိုက်ပျိူးမြေတွေပျက်စီးပြီး၊ ပေါက်ကွဲမှုမရှိဘဲလယ်မြေထဲမြုပ်သွားတဲ့ လက်နက်ကြီးတွေကြောင့် လယ်စွန့်သွားရသူတွေလည်းရှိတယ်လို့သိရပါတယ်။

စိုက်ပျိုးလို့ရတဲ့နေရာတွေမှာလည်း လယ်ယာမြေအတွက်သွင်းအားစုတွေ စျေးနှုန်းအဆမတန်မြင့်တက်နေတာ ဆည်ရေ အလုံအလောက်မရရှိတာနဲ့ တိုက်ပွဲခြေနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကို မြန်မာနိုင်ငံအထက်ပိုင်းက လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။

#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။