Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်-ရပ်စောက်လမ်းပိုင်းမှာ အိမ်မှာမွေးဖို့ သယ်လာတဲ့ ဝက်ကားတွေကို တားဆီးပြီး ပအိုဝ်းပြည်သူ့စစ် (PNA)က ဝက်ကြေးငွေ ကောက်ခံနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ရပ်စောက်ကနေ ရွှေညောင်ကို ဝက် ၄ ကောင် သယ်သွားတဲ့ ကားကို ပအိုဝ်းပြည်သူ့စစ်က ဝက်တစ်ကောင်ကို ၂၅၀၀၀ ကျပ်နှုန်းနဲ့ ငွေကြေး အတင်းအကျပ် တောင်းတာ ဖြစ်တယ်လို့ ပေးဆောင်ခဲ့ရသူက မဲခေါင်သတင်းကို ပြောပါတယ်။

“မွေးဖို့ ဝယ်လာတာပါလို့ ပြောတယ်။ အဲ့ဒါကို မရဘူး။ စုစုပေါင်း တစ်သိန်း ပေးခဲ့ရတယ်။ PNA က ဂိတ်ချပြီးတော့ကို တောင်းနေတာ” လို့ ၎င်းက ပြောပါတယ်။

ပအိုဝ်းပြည်သူ့စစ်က ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာနားမှာ ဂိတ်ချပြီးတော့ ကားတွေကို တားဆီးပြီး ငွေတောင်း နေတာလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကိုဗစ်ရောဂါ စတင် ဖြစ်ပွားစဉ်က ရွာအဝင်မှာ ကိုဗစ် စစ်ဆေးရေးဂိတ်တစ်ခု ထားရှိခဲ့ရာ အာဏာသိမ်းပြီး နောက်ပိုင်း အဲ့ဒီဂိတ်မှာ ပအိုဝ်းပြည်သူ့စစ်က အထိုင်ချပြီး သွားလာနေတဲ့ ကားတွေကို ငွေတောင်းနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ရပ်စောက်မြို့နယ်ရှိ ရွာတွေမှာ ပအိုဝ်းပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးနေပြီး မဝင်ရင် ဆေးသုံးစွဲတယ်လို့ စွပ်စွဲ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

ပအိုဝ်းပြည်သူ့စစ်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပအိုဝ်း ဒေသမှာ သာမက ရပ်စောက်နဲ့ ရွှေညောင်မြို့နယ်တွေမှာ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာတွေ၊ ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။