Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊စက်တင်ဘာ ၂၃

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ ယာဥ်ထိန်းရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုမှာထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့သိရပါတယ်။

"ပေါက်တာက၁၂နာရီမထိုးခင်လောက်ကဖြစ်တာ။လူနာတင် ကားတွေနဲ့တင်နေတာတော့တွေ့တယ်။အဝေးကနေမြင်ရတာဆိုတော့ထိတာပြည်သူလားအဲ့ဒီကောင်တွေလားတော့မသေချာဘူး" လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

ဗုံးပေါက်မှုဖြစ်ပွားခဲ့တဲ့သမိုင်းလမ်းဆုံနေရာဟာအရင်ကလည်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အတွက်စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားတဲ့နေရာလည်းဖြစ််ပါတယ်။

ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း ‌ဗုံးပေါက်ကွဲမှုတွေနဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။အမှုအခင်းဖြစ်ပြီးတဲ့နေရာတွေကိုစစ်တပ်နဲ့ရဲ‌တွေလာရောက်ပြီး အနီးအနားကလူတွေကို ရိုက်နှက် ဖမ်းစည်းမှု‌တွေ ပြုလုပ်တယ်လို့လည်းသိရပါတယ်။

#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။