Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊စက်တင်ဘာ ၂၃

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကမတရားသဖြင့်ပိတ်သိမ်းလိုက်တဲ့ KBZ Pay အကောင့်တွေရဲ့ငွေသားဆုံးရှုံးမှုတန်ဖိုးဟာ မြန်မာငွေ သိန်း ၈၀၀၀ နီးပါး ရှိတယ်လို့ လတ်တလောသတင်းတွေအရသိရပါတယ်။

Level 2 အကောင့်တွေအများဆုံးအပိတ်ခံနေရပီး Sim Register လုပ်ထားတဲ့ မှတ်ပုံတင်နဲ့ Kpay ဖွင့်ထားတဲ့ မှတ်ပုံတင်မတူရင်လည်း ပိတ်သိမ်းနေတာပါ။

စက်တင်ဘာ ၂၀ ရက်နေ့ည နေပိုင်းမှ စတင်ပြီး Kpay အသုံးပြုသူတွေ အကောင့်တွေကို ပိတ်သိမ်း ပစ်ခဲ့ပြီး ပိတ်သိမ်းမယ့်ရက်ကိုတရားဝင်ကြေငြာတာမရှိတဲ့အတွက် အသုံးပြုသူတွေ နစ်နာခဲ့ရပါတယ်။

"အွန်းလိုင်းရှော့သမားတွေ ပိုပြီးအခက်ခဲဖြစ်ရပါတယ်။ စီးပွးရေးကအစကတည်းက မကောင်းရတဲ့အထဲ အခု​မိုဘိုင်း pay တွေက စိတ်မချရတော့ဘူး၊ တစ်ချိူ့တွေလုပ်ငန်းတွေရပ်လိုက်ပြီး၊စောင့်ကြည့်နေကြတယ်၊အလုပ်လုပ်ရတာမှာ တော်တော်ခက်ခဲမှာပါ၊ ပိတ်သိမ်းပြီးမှ အကောင့်ပြန်လျောက် ပြန်လုပ်ပေးမယ်ပြောပေမယ့်၊ကိုယ်​ပိုက်ဆံကို၊ဘာကိုယုံကြည်ပြီးထည့်ထားရမလဲ၊အမိန့်ကြေငြာစာအမျိူးမျိူးထုတ်နေတာကတော့အဆင်မပြေဘူး၊ စီးပွားရေးတွေကျဆင်းသွားအောင်လိုက်လုပ်နေတယ်လို့ပဲ မြင်တယ်" လို့ အွန်းလိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

K pay အကောင့်တွေ ယာယီအသုံးပြုမှု တားမြစ်တာ‌တွေလုပ်ဆောင်နေပြီး မှားယွင်းစွာ အသုံးပြုခွင့် တားမြစ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေအနေနဲ့ ဗဟိုဘဏ် ကို တိုက်ရိုက်တင်ပြနိုင်တယ်လို့ KBZpay က သတင်းထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင်ကလည်း နွေဦးတော်လှန်ရေးအတွက် ထောက်ပံငွေ ပေးနေတယ်ဆိုတဲ့ သံသယ နဲ့ အပိတ်ခံရလို့ သိန်းရာရှိဆုံးရှုံးခဲ့ရသူတွေများစွာရှိသလို K pay ကို ခြေရာခံပြီး ဖမ်းစည်းခံရတဲ့ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။

#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။