Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၃

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းရေ မြင့်တာလာပြီး‌တာကြောင့် ယနေ့ မနက်ပိုင်း တာချီလိတ်မြို့ တာလော့စျေးထဲမှာ ရေထပ်ကြီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တာချီလိတ်မြို့၊ တာလော့စျေးထဲမှာ ဒီကနေ့ မနက်ပိုင်း ဆိုင်ဖွင့်ချိန်က ရေမရှိသေးဘဲ မနက် ၉ နာရီဝန်းကျင်မှာ ရေတွေတက်လာတာလို့ စျေးရောင်းချသူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

306924971 1164462390815034 2467010583754948460 n

“မနက်က ဆိုင်ခင်းဖို့ လုပ်နေတုန်း ရေတွေ ဝင်လာတယ်။ အခု ဆိုင်ထဲကို ရေတွေဝင်နေပြီ။ ချောင်းက ရေလျှံပြီးတော့ ဝင်လာတာပဲပေါ့” လို့ ၎င်းက ပြောပါတယ်။

မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် တာချီလိတ်မြို့ တာလော့စျေးမှာ ဒီနှစ်ထဲ ‌ရေကြီးရေလျှံမှုဖြစ်တာ ၅ ကြိမ်လောက်ရှိပြီလို့ သိရပါတယ်။

306128919 774129337022934 5111945156642264787 n

တာချီလိတ်မှာ မနေ့ ညပိုင်းက မိုးရွာသွန်းခဲ့ပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးရွာသွန်းမှု မရှိဘူးလို့ ဒေသခံတွေက ပြေပါတယ်။

ရှမ်းပြည်နယ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းတုံ၊ နမ့်စမ်၊ ဟိုပုံး၊ တောင်ကြီးနဲ့ ဟဲဟိုးဒေသတွေမှာ လာမယ့် စက်တင်ဘာ ၂၈-၂၉ ရက် (နောက်လာမဲ့ ၅ ရက် ဝန်းကျင်)မှာ မိုးကြီးနိုင်မဲ့အခြေအနေ (၃ လက်မှ ၅ လက်မခန့်အထိ)ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။