Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊စက်တင်ဘာ ၂၃

စက်တင်ဘာလ ၂၂ ရက်နေ့ က မဟာမိတ်တပ်ပေါင်းစုတို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန် ခဲ့တယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပူးပေါင်းတပ်ဖွဲ့ရဲ့ စနိုက်ဘာ ပစ်ချက်တွေကြောင့် စစ်ကောင်စီ တပ်ဖက်က ၃ ယောက်သေဆုံးခဲ့လို့ လွိုင်ကော် အမြှောက်တပ်က လက်နက်ကြီးပစ်ကူ ပေးခဲ့ရာ မိုးဗြဲ စက်တော်ရာတောင်ပေါ် မှာ တပ်စွဲထားတဲ့ စစ်ကောင်တပ်ကို ပြန်ထိပြီး အကျအဆုံးများခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ တိုက်ပွဲမှာ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ MBPDF 1001 ၊MBPDF 1007၊ဖယ်ခုံ PDF B-01၊လွိုင်ကော် PDF ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1101 တပ်ရင်း၊နေပြည်တော် PDF ၊ KNDF ၊ KA ၊ KGZ နဲ့ URA တို့ က စစ်ကောင်စီတပ်တွေကို ပူး‌ပေါင်းခုခံတိုက်ခိုက် နေပါတယ်။

လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေအနေနဲ့ မိုးဗြဲ မြို့ကို ဖြတ်သန်းသွားလာတာလုံးဝ မလုပ်ဖို့ သတိပေးထားပါတယ်။

#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။