Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ ပါမောက္ခ လမ်းသွယ်ထိပ်မှာ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးကို သေနတ်နဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ရန်ကုန် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရှင်းလင်းခံရတဲ့ အသက် (၂၂) အရွယ် ဇွဲအောင်သူဟာ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ကံသာဇေယျုံ အပိုင်းက စစ်တပ်ခန့် ရာအိမ်မှူး ဖြစ်ပြီး ဒလန်သတင်းပေးနဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မဲခေါင်သတင်း အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“နေ့လည် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်သွားတာ။ တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကတော့ ပေါင်ကိုပဲ ထိသွားတယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အခု ပစ်ခတ်မှုကို ရန်ကုန် အခြေစိုက် မဟာမိတ် ညီနောင်များဖြစ်တဲ့ Myanmar Independence Unit (MIU)၊ Marauder Front Five (MFF) နဲ့ Black Shadow Squad (BSS) တို့ ပူးပေါင်းပြီး ပြည်သူ့တရားစီရင်ရေး အဖြစ် ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယနေ့ နေ့လည်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းမကြီးပေါ်ရှိ (ဈ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဗုံး ၃ လုံး တွေ့ပြီးနောက် အဲဒီရုံးရှေ့က ဖြတ်လျှောက်တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ပါသေးတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။