Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်တွေနဲ့ပစ်ခတ်ပြီးရွာနှစ်ရွာကိုမီးရှို့ဖျက်စီး လို့ ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့က အင်အား ၁၀၀ ကျော်နဲ့ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ဒီကနေ့ စက်တင်ဘာ ၂၂ ရက်နေ့မနက်ပိုင်းမှာတော့ ရွာ၂ ရွာကို မီးရှို့ဖျက်စီးခဲ့တာကြောင့် မီးရှို့ခံရတဲ့ရွာတွေနဲ့အနီးအနားကရွာ စုစုပေါင်း ၈ရွာက ဒေသခံ ၂သောင်းဝန်းကျင်ဟာ ဘေးလွတ်ရွာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"သူတို့တပ်စွဲထား​တဲ့နေရာကို ပြန်သွားကျပြီးမှမနေ့က ပြန်ပြီးစစ်ကြောင်းထိုးလာတာ၊ အခုကရွာတွေကိုပြန်ဝင်လာတာစိပ်နေပြီ၊ သူတို့က သာဂရရွာကိုမနေ့က ညကတည်းကမီးစရှို့တယ်၊ ပြီးတော့ဘေးနားဝန်းကျင်ကရွာတွေကို လက်နက်ကြီးနဲ့ပစ်တယ်၊ အခုမနက်ကျတော့ကပ်လျက်ရှိတဲ့ဂွေးကုန်းရွာကို ရှို့နေတယ်၊ မနေကထဲ့က စစ်ရှောင်တဲ့သူက သောင်းချီရှိတယ် ညကလက်နက်ကြီးနဲ့ ၁၀လုံးလောက်ပစ်တာ၊မနက်လင်းတော့ ၃လုံးလောက်ထပ်ပစ်တယ်၊ အခုတော့ ခပ်လှမ်းလှမ်းကနေ ကိုယ့်ရွာမီးရှို့တာ ရပ်ကြည့်နေရတာ"လို့ ဒေသခံကဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့မှာ ခင်ဦးဖက်က တက်လာတဲ့စစ်ကား ၄ စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၅ ဦ လောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

"သူတို့ကလက်နက်ကြီးတွေနဲ့ပစ်တော့ ၊ ဒေသခံကာကွယ်ရေးဘက်ကလည်း၊လက်နက်တွေနဲ့ပြန်ပစ်တဲ့၊ အခါကျတော့ နီးစပ်ရာသာဂရ ရွာကိုဝင်ပြီး မီးရှို့တာ ၊ ကာကွယ်ရေးတပ်တွေက ရွာတွေထဲ့ကနေခံပစ်ပေး၊ ဒရုန်းတွေနဲ့ တိုက်တယ်ဆိုတော့၊ရှေ့ဆက်မတိုးဘဲ၊ နီးစပ်ရာရွာတွေကိုဝင်ပြီး မီးရှို့တာ"လို့ စစ်ရှောင်ဒေသခံတစ်ဦးကလည်းပြောပါတယ်။

စစ်ကောင်စီက လွန်ခဲ့တဲ့ ၃လလောက်ကလည်း သာဂရရွာကို မီးရှို့ဖျက်စီးခဲ့လို့အိမ်ခြေ ၇၀ ကျော်ပါသွားခဲ့ပြီး အခုဒုတိယအကြိမ် ထပ်မံရှို့တာကြောင့် ကျွဲနွားတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေလည်း မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။

#MekongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။