Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၂

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ ပါမောက ္ခလမ်းသွယ်ထိပ်မှာ စကားပြောနေတဲ့ လူငယ်နှစ်ဦး ဒီကနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“နေ့လည် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်သွားတာ။ တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကတော့ ပေါင်ကိုပဲ ထိသွားတယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ် အမျိုးသားဟာ အသက် (၂၂) အရွယ် ဇွဲအောင်သူ ဖြစ်ပြီး အမျိုးသား တစ်ဦးက လာရောက် ပစ်ခတ်ရာမှာ ဦးခေါင်းကို ထိမှန်ခဲ့တာလို့ ၎င်းကပြောပါတယ်။

ဒဏ်ရာရရှိသူ လူငယ် အမျိုးသား ကိုတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ပေးထားပြီး အခုလို ပစ်ခတ်ရတဲ့ အကြောင်းအရင်းကို မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းမကြီးပေါ်ရှိ (ဈ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့မှာ ယနေ့ နေ့လည်ပိုင်းက ဗုံး ၃ လုံး တွေ့ပြီးနောက် အဲဒီရုံးရှေ့က ဖြတ်လျှောက်တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ပါသေးတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။