Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၂

စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ကယန်း အမျိုးသမီး အစည်းအရုံး (KyWO) က ဦးဆောင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်က ကျင်းပခဲ့တယ်လို့ KyWO က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို အမှတ်ရ ဂုဏ်ပြုနိုင်ဖို့၊ လူထုတွေရဲ့ ငြိမ်းချမ်းရေး အပေါ်ရှုမြင်တဲ့ အမြင်သဘောထားကို သိရှိနိုင်ဖို့၊ ကလေးသူငယ်တွေရဲ့ ငြိမ်းချမ်းရေးအပေါ် ခံစားသိရှိမှု၊ နားလည် သဘောပေါက်မှုကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခမ်းအနားမှာ ကယန်းအမျိုးသမီး အစည်းအရုံး တွဲဖက် အတွင်းရေးမှူးနဲ့ ဘုန်းတော်ကြီး တစ်ပါးတို့မှ အမှာစကားပြောခဲ့ပြီး ငြိမ်းချမ်းရေးနေ့ကို ရည်ရွယ်ကာ ယှဉ်ပြိုင်ခဲ့တဲ့ စကားပြေပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ကျောင်းတွေကို ဆုချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူထုတွေရဲ့ ငြိမ်းချမ်းရေး အပေါ် အမြင်သဘောထား၊ စစ်ပဋိပက္ခအတွင်း၊ စစ်ပွဲအလွန် ပြန်လည်ထူထောင်ရေး ကိစ္စနဲ့ အနာဂါတ်မှာ မြင်လိုတဲ့ ငြိမ်းချမ်းရေး မျှော်မှန်းချက်တို့ကို အုပ်စုဖွဲ့ ဆွေးနွေး ဖော်ထုတ်တဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခမ်းအနားကို ကျောင်း ၆ေ ကျာင်းက ကျောင်းသူ ကျောင်းသားတွေ၊ ဘုန်းတော်ကြီး၊ စစ္စတာရ်တွေနဲ့ ကျေးရွာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဖယ်ခုံမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မိုးဗြဲမြို့နယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်ရှိ စစ်ဇုံ ဧရိယာ အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေ အနေနဲ့ အသက်အန္တရယ် ထိခိုက်မှု မရှိစေရေး အတွက် သတ်မှတ် ဖော်ပြပေးထားတဲ့ အတိုင်း ဗုံးခိုကျင်းတွေ တူးကြဖို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၂ က မေတ္တာရပ်ခံ ထားပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။