Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ စက်တင်ဘာ ၂၂

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းမကြီးပေါ်ရှိ (ဈ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးရှေ့မှာ ယနေ့ နေ့လည်ပိုင်းက ဗုံး ၃ လုံး တွေ့ပြီးနောက် အဲဒီရုံးရှေ့က ဖြတ်လျှောက်တဲ့ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အမဲရောင် ဝတ်ထားတဲ့ ကလေးနှစ်ယောက် ရုံးရှေ့က သွားတယ်။ နှစ်ယောက်လုံး ရိုက်နှက်ပြီး ဖမ်းခေါ်သွားတာပဲ။ ရုံးရှေ့မှာ ဗုံးတွေ့လို့၊ ခုတော့ စစ်ကားတွေ ရဲကားတွေ အများကြီး ရောက်နေပြီ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

အဲဒီ ဗုံးတွေကို ရပ်ကွက်အနီးရှိ ဘောလုံးကွင်း အတွင်း ယူဆောင်သွား ပြီးနောက် စစ်ကား ၄ စီးနဲ့ လုံခြုံရေးကား နှစ်စီး ဘောလုံးကွင်း အတွင်း ဝင်ရောက်လာကာ ဗုံးတွေကို ဖောက်ခွဲခဲ့တယ်လို့ ၎င်းကပြောပါတယ်။

“ဗုံးတွေ့တော့ လမ်းတွေ အကုန်ပိတ်လိုက်တယ်။ ပထမအလုံး ခွဲတော့ အသံက ကျယ်တယ်။ နောက်အလုံးတွေ ကတော့ ပထမ အလုံးလောက် အသံမကျယ်ဘူး” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ မနက် ၁၁ နာရီကျော်က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ခြောက်လမ်းသွား လမ်းဆုံရှိ ယာဉ်ထိန်းရဲကင်း ဗုံးခွဲ တိုက်ခိုက်ခံရပြီး ယာဉ်ထိန်းရဲ တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။