Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာ့နွေဦး

မဲခေါင်၊ ဇူလိုင် ၂၉

မဲခေါင်သတင်းဌာနတွင် အလွတ်သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးသည့် မောင်မောင်မျိုးအား ပုဒ်မ ၅၂ (က) ဖြင့် ထောင် ၆ နှစ်ကျခံစေရန် ဘားအံမြို့နယ်တရားရုံးက ဇူလိုင်လ ၂၉ရက်က အမိန့်ချမှတ်ခဲ့သည်။

၂၀၂၂၊ မေလ ၁၀ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတားထိပ်တွင် အလွတ်သတင်းထောက် မောင်မောင်မျိုးကို အာဏာသိမ်းစစ်တပ်က ၎င်း၏ဖုန်းအတွင်းမှ သတင်းမျှဝေထားမှုများ၊ ဆက်သွယ်မှုများကို တွေ့ကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က) ဖြင့်အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖမ်းဆီးပြီးနောက် ၂ လကျော်အကြာတွင် ထောင်ဒဏ် ၆ နှစ်ကျခံစေရန် ဘားအံမြို့နယ်တရားရုံးက ယနေ့အမိန့်ချခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူ သတင်းထောက် မောင်မောင်မျိုးက ၎င်းမှာ မတရားဖမ်းဆီးကာ ထောင်ချခံရခြင်းဖြစ်ပြီး မည်သည့်ပြစ်မှုမျှကျူးလွန်ထားခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်စရာ မလိုဟု တရားရုံးထုတ်တွင် ၎င်း၏ မိခင်ကို အားပေးစကားပြောကြားခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

မောင်မောင်မျိုးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲသတင်းများကို မြေပြင်သတင်းရယူရန် မြဝတီမြို့မှ မန္တလေးတိုင်းဘက်သို့ အသွားတွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ယခုလ ၁၄ ရက်တွင်လည်း ၅၀၅ (က) ဖြင့် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသည့် အလွတ်သတင်းထောက် မေဘယ်လ် (ခ) ငြိမ်းငြိမ်းအေးကိုလည်း ထောင်ဒဏ် ၃ နှစ်ကျခံစေရန် အင်းစိန်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၀၀ ကျော်ခန့်ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွှတ်ပေးမှုများရှိသလို ထောင်ဒဏ်ချမှတ်ခံရခြင်းများလည်းရှိကာ ဆက်လက်ဖမ်းဆီးမှုများလည်း စစ်ကောင်စီက ပြုလုပ်နေသည်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။