Sidebar Menu

MeKong News - မဲခေါင်သတင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။

 

တိုင်းရင်းသားရေးရာ

မဲခေါင်၊ နိုဝင်ဘာ ၂၃

RCSS ဌာနချုပ်ဖြစ်တဲ့ လွယ်တိုင်းလျန်းမှာ ရှမ်းနှစ်သစ် ၂၁၁၇ ခုနှစ်ကို မနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညပိုင်းက အခမ်းအနားကျင်းပ ကြိုဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

နှစ်သစ်ကြိုဆို ညစာစားပွဲကို RCSS က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဥက္ကဋ္ဌ ရွက်စစ် ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ရှမ်းနှစ် ၂၁၁၇ ခုနှစ်၊ မနက်ပိုင်းကလည်း လှိုင်းဟန်တိုင်း ဘုန်းကြီးကျောင်းမှာ ရဟန်း၊ သံဃာတော်တွေကို နှစ်သစ်ဆွမ်း ကပ်လှူခဲ့တယ်လို့ RCSS က ထုတ်ပြန်ပါတယ်။

RCSS ဌာနချုပ်ဖြစ်တဲ့ လွယ်တိုင်းလျန်းဌာနချုပ်မှာ အရင်နှစ်တွေက ရာသီအလိုက် ပွဲလမ်းသဘင်တွေ အမြဲ ကျင်းပပေးခဲ့ပြီး ကိုဗစ်ဖြစ်ပွားတဲ့ နှစ်ကစပြီးတော့ လက်ရှိအထိ ပွဲလမ်းသဘင်တွေ ကြီးကြီးမားမား ပြုလုပ်တာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ရှမ်းနှစ်သစ် ၂၁၁၇ ခုနှစ်ကို ကြိုဆိုတဲ့ အနေနဲ့ ရှမ်းပြည်နယ် အပါအဝင် ရှမ်းတိုင်းရင်းသားတွေနေတဲ့ ဒေသတွေမှာ နှစ်သစ် ကြိုဆိုပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

#MeKongNews

Mekong News Myanmar

ဆက်သွယ်ရန်

မဲခေါင်သတင်းဌာနသည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည်။

Call: (+95)09 957 758575

Messenger: m.me/MeKongNewsMM

Email: [email protected]

MeKong News အကြောင်း

မဲခေါင်သတင်းဌာနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်သည်။ သတင်းကျင့်ဝတ်နှင့်ညီသော တင်ဆက်မှုများကို အရည်အသွေးမြင့်မားစွာဖြင့် ထုတ်လုပ်တင်ဆက်ရန် အာမခံသည်။
သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည်ဖြစ်သည်။