ကမ္ဘာ့သတင်း

APEC အစည်းအဝေးမှာ ဂျိုးဘိုင်ဒန်နဲ့ ရှီကျင်းဖျင်တို့ တွေ့ဆုံဆွေးနွေးဖွယ်ရှိ

မဲခေါင် 2 Nov - 2023
အမေရိကန်သမ္မတ ရှီကျင်းဖျင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ဟာ နိုင်ဝင်ဘာ ၁၄-၁၅ ရက်တွေမှာ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် ၂၀၂၃ နှစ်ချုပ် အာရှ-ပစ္စိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ညီလာခံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ဟာ နိုင်ဝင်ဘာ ၁၄-၁၅ ရက်တွေမှာ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် ၂၀၂၃ နှစ်ချုပ် အာရှ-ပစ္စိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ညီလာခံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ ကမ္ဘာ့ စီးပွားရေးနဲ့စစ်ရေးအင်အား အတောင့်တင်းဆုံးနှစ်နိုင်ငံဖြစ်ပေမယ့် အမေရိကန် က အာရှ-ပစ္စိဖိတ်ဒေသမှာ တရုတ်ရဲ့ စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်မှုတွေ လုပ်နေသလို တရုတ်ကလည်း အမေရိ ကန်ကို တွန်းလှန်ဖို့ ရုရှားနဲ့ ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ကမ္ဘာ့ စီးပွားရေးနဲ့ စစ်ရေးအရ ကြောက်စရာအကောင်းဆုံး ပြိုင်ဆိုင်မှု ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အမေရိကန်ကို လာရောက်ပြီး ရှီကျင်းဖျင်နဲ့ ဂျိုးဘိုင်ဒန်တို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ ရှေ့ပြေး ဆွေးနွေးမှုတွေလုပ်အပြီး အိမ်ဖြူတော်က ဂျိုးဘိုင်ဒန်နဲ့ ရှီကျင်းဖျင်တို့ ဆန်ဖရန်စစ္စကိုမှာ တွေ့ဆုံဖို့အရေးက အတည်ပြုနိုင်လုနီးနီးရှိကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရင်းဂျင်းပီယာရီက ထုတ်ပြန်သွားတာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်နဲ့ ရှီကျင်းဖျင်တို့ဟာ ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံခဲ့ပြီး နောက် စီးပွားရေးနဲ့ နိုင်ငံရေးတင်းမာမှုတွေမြင့်တက်လာပြီး ထပ်မံတွေ့ဆုံခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရ စီမံခန့်ခွဲရေး စီနီယာအရာရှိတစ်ဦးက “ဂျိုးဘိုင်ဒန်နဲ့ ရှီကျင်းဖျင်တို့ နိုဝင်ဘာလထဲ တွေ့ဆုံဖို့ မူအရ သဘောတူညီမှုရခဲ့ပြီးပါပြီ။ ဒါပေမဲ့ အရေးကြီးတဲ့ အသေးစိတ်ပြင်ဆင်မှုတွေတော့ လိုနေပါသေး တယ်။ နိုင်ငံခေါင်းဆောင် နှစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

တရုတ်ဘက်ကတော့ သတင်းထုတ်ပြန်ရာမှာ သမ္မတနှစ်ဦးတွေ့ဆုံရေးက ဖြစ်လာနိုင်ပေမယ့် လွယ်ကူချောမွေ့မှာ တော့မဟုတ်ကြောင်း၊ ဒီတွေ့ဆုံမှုမတိုင်ခင် ဝင်ရောက်စွက်ဖက်မှုတွေကို ဖယ်ရှားဖို့၊ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့၊ အများဆန္ဒကို မြှင်တင်ခြင်းနဲ့ ရလဒ်ကောင်းကို ဆောင်ကျဉ်းနိုင်ဖို့ လိုအပ်သေးကြောင်း ဝမ်ယို ကိုယ်တိုင်က ဆင်ဟွာသတင်းဌာနမှာ ပြောသွားပါတယ်။

Ref: theguardian
MKF-001

#MeKongNews

#အမေရိကန်

#တရုတ်

#ရှီကျင့်ဖျင်

#ဘိုင်ဒန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ်
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန်လေတပ်နဲ့ နျူကလီးယားစက်ရုံအနီး အစ္စရေးလက်စားချေပစ်ခတ်၊ အီရန်ဘက်က အဏုမြူဗုံးနဲ့ တုံ့ပြန်လာနိုင်ကြောင်း အမေရိကန် သတိပေး

အီရန်ဟာ ဒုံးကျည်နဲ့ဒရုန်းပေါင်း ၃၀၀ ကျော်ကို အစ္စရေးထံ ပစ်လွှတ်ခဲ့ခြင်းအပေါ် အစ္စရေးဟာ ဧပြီ ၁၈ ရက်ညက လက်စားချေခြင်းအဖြစ် မိုင် ၁၀၀ အကွာမှာရှိတဲ့ အီရန်နိုင်ငံထဲက နျူကလီးယား လက်နက်ထုတ်လုပ်တဲ့ စခန်းတွေကို ဦးတည်ပြီး ဒရုန်းတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲလို့ ဆူနာမီသတိပေးချက်ထုတ်ပြန်၊ လူပေါင်း ၁၁၀၀၀ ကို နေရာရွှေ့ပြောင်းခိုင်း

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမြောက်ဘက်မှာရှိတဲ့ ရူအန်းမီးတောင်ကြီး ၅ကြိမ် ထက်မနည်း အကြီးစားပေါက်ကွဲမှုဖြစ်တာကြောင့် အင်ဒိုနီးရှားအစိုးရဟာ ဆူနာမီသတိပေးချက်ထုတ်ပြန်သလို အနီးအားဒေသက လူပေါင်း ၁၁၀၀၀ ကို အရေးပေါ် ရွှေ့ပြောင်းခိုင်းထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အီရန် တပ်မတော်နေ့မှာ လက်နက်အင်အား တိုးမြှင့်ပြသ

ဧပြီ ၁၈ ရက်နေ့မှာ အီရန်ဟာ အမျိုးသားတပ်မတော်နေ့အခမ်းအနား စစ်ရေးချီတက်ပြသမှုကို ပြုလုပ်ခဲ့ရာမှာ လုံခြုံရေးတင်းကြပ်ခဲ့ပြီး လက်နက်အင်အားတွေကိုတော့ တိုးမြှင့်ပြသခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂါဇာပြည်သူ့လုံခြုံရေးအာမခံချက်မပေးရင် အစ္စရေးအပေါ် မူဝါဒပြောင်းလဲသွားရမယ်လို့ ဂျိုးဘိုင်ဒန် သတိပေး

ဂါဇာမှာ ပြည်သူတွေကို အကာအကွယ်မပေးတဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် ထားရှိတဲ့ နှစ်နိုင်ငံမဟာမိတ်မူဝါဒကို ပြောင်းလဲရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now