Covid-19

မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီမရောက်ဖို့ စစ်ကောင်စီတင်းကြပ်၊ ပမာဏများရင်သယ်ဆောင်ခွင့်ရရှိ

မဲခေါင် 25 Nov - 2024
ရှမ်းအရှေ့ ကျိုင်းတုံကနေ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီ မရောက်ဖို့စစ်ကောင်စီက ဝမ်တာပင်းဂိတ်ကနေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပေမယ့် ပမာဏများရင် သယ်ဆောင်ခွင့် ရရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီမရောက်ဖို့ စစ်ကောင်စီတင်းကြပ်၊ ပမာဏများရင်သယ်ဆောင်ခွင့်ရရှိ

မဲခေါင်၊ နိုဝင်ဘာ ၂၅

ရှမ်းအရှေ့ ကျိုင်းတုံကနေ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီ မရောက်ဖို့စစ်ကောင်စီက ဝမ်တာပင်းဂိတ်ကနေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပေမယ့် ပမာဏများရင် သယ်ဆောင်ခွင့် ရရှိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ NDAA မိုင်းလားဘက်ကိုသွားတဲ့ ခရီးသည်ကားတွေပေါ်မှာ ဆန်နဲ့ စက်သုံးဆီ တင်ဆောင်ခွင့်မပြုတော့သလို ရှမ်းမြောက်ကိုတက်တဲ့ လမ်းမှန်သမျှ ဆန်နဲ့ စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

“ဆန်က အိတ်အသေးတစ်အိတ်လောက်ဆိုအဆင်ပြေအောင် ပြောနိုင်ရင် ရပေမယ့် စက်သုံးဆီ ကတော့ လုံးဝမရဘူး၊ ကားထဲအပြည့်ထည့်သယ်မှရတယ်”လို့ ယာဉ်မောင်းတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်တဲ့အထဲမှာ မိုင်းလား-တာလော့ဂိတ် ပါဝင်ပြီး တရုတ်ဘက်က ကုန်သယ်ခွင့်မရပဲ မြန်မာဘက်ကသစ်သီးဝလံတွေ အနည်းငယ် တင်ပို့လို့ရတယ်လို့ မိုင်းလား ဝမ်တုံရပ်နေသူတစ်ဦးက ပြောပါတယ်။

‘စက်သုံးဆီ မြန်မာဘက်က ပိတ်တယ်ဆိုပေမယ့် ဒီမှာ ဆီတစ်လီတာ ခြောက်ထောင်ဆိုတော့စျေးမတက်တဲ့သဘောပဲ၊ နည်းနည်းသာ မရတာ ကားအစီးလိုက်ဆို ရနေတဲ့သဘောပေါ့’လို့ပြောပါတယ်။

မိုင်းလားမှာ ပေါ်ဆန်းဆန် လေးပြည်ပါ တစ်အိတ်ကို တရုတ်ငွေယွမ်၁၁၀ ရှိနေပြီး ကျိုင်းတုံပေါက်စျေးအရ ဆန်တစ်အိတ်ကို ကျပ် ခြောက်သောင်းခန့်ကွာဟပေမယ့် ဆန်စျေးအတက်အကျမရှိ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က ပိတ်ပေမယ့်ကုန်ပစ္စည်းတွေ ကျိုင်းတုံကပြန်ဝင်နေတာရှိနေတယ်လို့လည်း ပြောပါတယ်။

‘အရင်က ဝမ်တာပင်းဂိတ် ပိတ်လည်း ကုန်သည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေကြတာပါ၊ တရုတ်ဘက် တကယ်ပိတ်ရင်သာ မလွယ်တာ’လို့ကျိုင်းတုံကုန်သည်တစ်ဦးက ပြောပါတယ်။

ကျိုင်းတုံကနေ ၂၄မိုင်ဝေးတဲ့ ဝမ်တာပင်း စစ်ဆေးရေးဂိတ်ဟာ အထူးဒေသ (၄) မိုင်းလား ထိန်းချုပ်နယ်မြေနဲ့ စစ်ကောင်စီတို့ထိန်းချုပ်ထားတဲ့ နယ်မြေ အစပ် အဝင်အထွက်ဂိတ်ဖြစ်ပြီး အဲ့ဒီဂိတ်ကနေ မိုင်းမကို ၂၃မိုင်၊ မိုင်းလားကို ၉မိုင် ဝေးပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တရုတ်ပြည်ခရီးစဉ်အတွင်း နယ်စပ်ဂိတ်တွေ ပိတ်ထားဖို့ ပြောထားပေမယ့် တရုတ်အစိုးရကတော့ MNDAA ထိန်းချုပ်ထားတဲ့ မူဆယ်၁၀၅မိုင်က ကျင်စန်းကျော့ ဂိတ်ကို နိုဝင်ဘာ၂၂ ရက်က ပြောင်းနဲ့ကြံ သယ်ယူဝင်ခွင့် ဖွင့်ပေးခဲ့ပါတယ်။

အလားတူ မန်ဝိန်းဂိတ်ကို ဖွင့်ပေးထားပေမယ့် တရုတ်ဖက်က ကုန်တွေသယ်ခွင့်မရသလို စစ်ကောင်စီကလည်း ပိတ်ထားလို့ မြန်မာဘက်က ကုန်တွေ ပို့ခွင့်မရဘူးလို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ က UWSA”ဝ ‘တပ်ဖွဲ့ က စစ်အင်အား အပြည့်နဲ့ မိုင်းလား – ကျိုင်းတုံ နယ်စပ်ဖက်ကို လုံခြုံရေးအကြောင်းပြတပ်စခန်းတွေ ချခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၂၃ရက်မှာ စစ်ကောင်စီဘက်က ဝမ်တာပင်း စစ်ဆေးရေးဂိတ်ကို ပိတ်ထားခဲ့တာရှိခဲ့ပြီး ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁၀ရက်က နှစ်ဘက်ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ကာ ယခုအခါမှာ စစ်ကောင်စီဘက်က ဆန်နဲ့ စက်သုံးဆီ ကို ကန့်သတ်တင်းကြပ်လာတာ ဖြစ်ပါတယ်။

MK – 012
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now