Covid-19

တရုတ်မှာ တစ်ပတ်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၃၀၀၀ ရှိလာ

မဲခေါင် 22 Jan - 2023
တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ  ၂၂ 

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးကာလဖြစ်သလို ကိုဗစ်ကူးစက်မှုနှုန်းလည်း အမြင့်ဆုံးဖြစ်နေတဲ့အတွက် ဇန်နဝါရီ ၁၃ ရက်ကနေ ၁၉ ရက် အတွင်း ကိုဗစ်ဖြင့် ဆက်စပ် သေဆုံးသူပေါင်း ၁၃၀၀၀ ရှိခဲ့ပါတယ်။

ဒီသေဆုံးနှုန်းဟာ ဆေးရုံပေါ်မှာ သေဆုံးတဲ့နှုန်းသာဖြစ်ပြီး လက်တွေ့မှာ  ၁၀ ဆ မက သေဆုံးနိုင်တယ်လို့လည်း တွက်ဆထားကြပါတယ်။ လူဦးရေ ၁ . ၄ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံအစိုးရဟာ ကိုဗစ်ဖြစ်ပွားတဲ့ သုံးနှစ်လုံး သေဆုံးမှု ၅၀၀၀ ကျော်သာရှိတယ်လို့ တောက်လျှောက် လိမ်လည် ထုတ်ပြန်ရာကနေ ဒီဇင်ဘာ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့ အတွင်း ဆေးရုံမှာ ကိုဗစ်ဆက်စပ်သေဆုံးမှု ၆၀၀၀၀ ရှိခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက်နေ့က ဝန်ခံခဲ့ပါတယ်။ 

ဗြိတိန်ကျန်းမာရေးအချက်အလက်ပြုစုရေးအဖွဲ့ တစ်ဖွဲ့က တရုတ်နိုင်ငံမှာ ဒီတစ်ပတ်အတွင်း ကိုဗစ် ကြောင့်သေဆုံးနှုန်း တစ်ရက် ၃၆၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ကိုဗစ် ကြောင့် လူ ၁ သန်း သေဆုံးလိမ့်မယ်လို့ လေ့လာသုံးသပ်တင်ပြထားပါတယ်။ 

တရုတ်နှစ်သစ်ကူးကာလမှာ သန်းပေါင်းများစွာသော တရုတ်နိုင်ငံသားတွေဟာ မွေးရပ်မြေကို ပြန်လည် လည်ပတ်ကြပြီး တရုတ်နှစ်သစ်ကူး ရက် ၄၀ ကာလမှာ ပထမ ၁၅ ရက်ဖြစ်တဲ့ ဇန်နဝါရီ ၇ ရက်နေ့ကနေ ၂၁ ရက်အတွင်း ရထားစီးခရီးသွား သန်း ၁၁၀ ရှိခဲ့ကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ 

တရုတ် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟိုအကြီးအကဲ က ဇန်နဝါရီ ၂၁ ရက်မှာ လူမှုကွန်ရက် Weibo ပေါ် ကိုဗစ်ဒုတိယလှိုင်း ရိုက်ခတ်ဖို့ မနီးစပ်သေးဘူးလို့ ရေးတင်ခဲ့ပေမယ့် နောက် နှစ်လနဲ့သုံးလအတွင်း တရုတ်နိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းအထိ ကိုဗစ်ကူးစက်လိမ့်မယ်လို့ ကျန်းမာရေး သုတေသီတွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။

MKF -001

Ref: Reuter

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

အာရှသတင်း

အိန္ဒိယလွှတ်တော်အမတ်ဟောင်း ရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လူပုံလယ်ပစ်သတ်ခံရ

ဧပြီ ၁၅ ရက်နေ့က ပြန်ပေးဆွဲမှု၊ လူသတ်ဖို့ကြိုးစားမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယလွှတ်တော်အမတ်ဟောင်းနဲ့ ညီဖြစ်သူတို့ကို ရဲတပ်ဖွဲ့ခြံရံထားတဲ့ကြား၊ မီဒီယာတွေရုပ်သံတိုက်ရိုက် လွှင့်နေချိန်မှာပဲ လုပ်ကြံသူတွေက
အာရှသတင်း

ဘတ်ငွေ ဘီလီယံ ၅၀ ကုန်ကျခံပြီး လေယာဉ်ကွင်းသစ် ၇ ခု ထိုင်း တိုးချဲ့တည်ဆောက်မယ်

မဲခေါင်၊ မတ် ၂၁ ထိုင်းနိုင်ငံ လေဆိပ်ဌာန DOA ဟာ ပြည်တွင်းမှာ နောက်ထပ် လေယာဉ်ကွင်းသစ် ၇ ခု
အာရှသတင်း

ထွန်းမင်းလတ်မူးယစ်ဆေးအမှု သူနဲ့မဆိုင်ဘူးလို့ ပရာယွတ်လူယုံယူပါကစ် မျက်ရည်လည်ရွဲနဲ့ ရှင်းလင်း

မဲခေါင်၊ မတ် ၁၈ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အနီးကပ်ရှိခဲ့တဲ့ ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးမှု၊ ငွေကြေး ခဝါချမှုနဲ့ မနှစ်က ဖမ်းဆီးထားမှုမှာ ဒီအမှုထဲ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးနဲ့ မီဒီယာ တွေက စွပ်စွဲထားတဲ့ လွှတ်တော်အမတ်
အာရှသတင်း

ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် တရုတ် စစ်ရေးအသုံးစရိတ်တိုးမြှင့်

တရုတ်အမျိုးသားလွှတ်တော်ဟာ ၂၀၂၃ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ် ဘတ်ဂျက်ကို ထပ်မံမြှင့်တင်ပြီး ဒေါ်လာ ၂၂၄ ဘီလီယံအထိ အသုံးပြုသွားဖို့ရှိကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။
အာရှသတင်း

လိင်တူလက်ထပ်ခွင့်မပြောနဲ့ လိင်တူစုံတွဲတောင်မမြင်ချင်ဘူးပြောတဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ထုတ်ပယ်

ဂျပန်နိုင်ငံမှာ လိင်တူအခွင့်အရေးနဲ့ပတ်သက်လို့ ဆန့်ကျင်မှုတွေရှိနေချိန် လိင်တူလက်ထပ်ခွင့်ပြုဖို့မပြောနဲ့ လိင်တူစုံတွဲတွေကိုတောင် မမြင်ချင်ဘူးလို့ ထပြောလိုက်တဲ့ အတွင်းရေးမှူးကို ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ရာထူးက ထုတ်ပယ်လိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အာရှသတင်း

ထိုင်ဝမ်မင်းသမီးဆီက ဘတ် ၂၇၀၀၀ တောင်းတဲ့ကိစ္စ သံသယရှိ ထိုင်းရဲ ၇ ဦး ရာထူးရပ်စဲပြီး စစ်ဆေးခံနေရ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ဇန်နဝါရီ ၄ ရက်နေ့ ညသန်းခေါင်းကျော်က ဖြစ်ပွားခဲ့တဲ့ ထိုင်ဝမ်မင်းသမီးဆီကနေ ဘတ် ၂၇၀၀၀ အကျပ်ကိုင် ခြိမ်းခြောက်တောင်းခံခဲ့မှုနဲ့ပတ်သက်လို့ ဘန်ကောက်မြို့ပြရဲဗျူရိုက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့တယ်လို့
အာရှသတင်း

အိန္ဒိယလေတပ်ပိုင် ရုရှားထုတ်ဂျက်လေယာဉ်နဲ့ ပြင်သစ်ထုတ်ဂျက်လေယာဉ် လေပေါ်မှာတိုက်မိ 

အိန္ဒိယလေတပ်ရဲ့ဂျက်လေယာဉ် ၂ စင်း လေပေါ်မှာတိုက်မိတာကြောင့် လေယာဉ်မှူး ၁ ယောက်သေဆုံးခဲ့ပါတယ်။ 
Covid-19 ကမ္ဘာ့သတင်း

တစ်လကျော်အတွင်း ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး သေဆုံးတယ်လို့ တရုတ်ဝန်ခံလာ

တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတင် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ ဝန်ခံပြီး အစီရင်ခံတင်ပြသွားခဲ့ပါတယ်။