Covid-19

တစ်လကျော်အတွင်း ကိုဗစ်ကြောင့် ၆၀၀၀၀ နီးပါး သေဆုံးတယ်လို့ တရုတ်ဝန်ခံလာ

မဲခေါင် 15 Jan - 2023
တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတင် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ ဝန်ခံပြီး အစီရင်ခံတင်ပြသွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၅

တရုတ်အစိုးရဟာ ကိုဗစ်သက်တမ်း ၃နှစ်အတွင်း သေဆုံးသူ ၅၀၀၀ ကျော်သာရှိခဲ့တယ်လို့ တစ်ချိန်လုံး လိမ်လည်နေခဲ့ရာက ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်းမှာတင် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိခဲ့တယ်လို့ ဝန်ခံပြီး အစီရင်ခံတင်ပြသွားခဲ့ပါတယ်။

တရုတ်တာဝန်ရှိသူတွေက အိုမီခရွန်မျိုးခွဲက ထပ်ခွဲထွက်တဲ့ BA.5.2 နဲ့ BF.7 ဗိုင်းရပ်စ်တွေဟာ လက်ရှိ နိုင်ငံအတွင်း ပျံ့နှံ့နေတာဖြစ်ကြောင်းနဲ့ ဒီဇင်ဘာ ၈ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ သေဆုံးသူပေါင်း ၅၉၉၃၈ ဦး ရှိခဲ့တယ်လို့ အစီရင်ခံခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ကိုဗစ်လုံး၀ကင်းရှင်းရေးပေါ်လစီကို ပယ်ဖျက်ပေးပြီး စီးပွားရေးနဲ့ ခရီးသွားလာမှုအားလုံး ပြန်ဖွင့်ပေးခဲ့ရာမှာ နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုနှုန်းကြောက်ခမန်းမြင့်တက်နေလို့ နိုင်ငံအများစုက တရုတ်ကလာ သူတွေကို အထူးကိုဗစ်စည်းမျဉ်းတွေနဲ့ စစ်ဆေးနေပါတယ်။ 

ဒါကို တရုတ်အစိုးရက မကျေမနပ်နဲ့ ခွဲခြားဆက်ဆံ တယ်ဆိုပြီး တောင်ကိုရီးယားနဲ့ ဂျပန်ကို ကာလတိုဗီဇာ ပိတ်ကြောင်းကြေညာပြီး မကြာခင် ဂျပန်ကို ပြန်ဖွင့်ပေးခဲ့တယ်။

တရုတ်ဘက်က ဝန်ခံလာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO အကြီးအကဲ အဒါနွန်ဂီဘရီယက်စ်ဆက်က အာရှအမျိုးသားကျန်းမာရေးကော်မရှင်ဒါရိုက်တာ တရုတ်နိုင်ငံသူ မာရှောင်ဝေနဲ့ ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံ စဉ် တရုတ်အစိုးရအနေနဲ့ ကိုဗစ်အချက်အလက်တွေကို အသေးစိတ်အတိအကျ မျှဝေပေးဖို့ တောင်းဆိုချက်ကို ထုတ်ပြန်သွားခဲ့ပါတယ်။

MKF – 001

Ref: alarabiya

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ကမ္ဘာ့သတင်း

တရုတ်က ထိုင်ဝမ်ရေလက်ကြားမှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်မယ်

တရုတ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထိုင်ဝမ်ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်  တရုတ်က ဧပြီ ၈ ရက်နေ့ကစပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှု ၃ ရက်တာ
ကမ္ဘာ့သတင်း

ပြင်းအား ၆ ဒသမ ၅ ငလျင်လှုပ်ခတ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ သေဆုံးဒဏ်ရာရမှုများ

မဲခေါင်၊ မတ် ၂၃ အာဖဂန်နစ္စတန်နိုင်ငံကို ဗဟိုပြုပြီး ပြီးခဲ့တဲ့ မတ် ၂၁ ရက်၊ အင်္ဂါနေ့၊ ဒေသစံတော်ချိန် ည
ကမ္ဘာ့သတင်း

BRICS အစည်းအဝေး မှာ ပူတင်ကို တောင်အာဖရိကအစိုးရ ဖမ်းပေးဖို့ ငြင်းဆန်ဖွယ်ရှိ

မဲခေါင်၊ မတ် ၂၁ စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံမှာ BRICS အစည်းအဝေး လာတက်ပါက တောင်အာဖရိက အစိုးရအနေနဲ့ ဖမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
ကမ္ဘာ့သတင်း

စစ်ပွဲအတွက် လေ့ကျင့်မှုအားလုံး ပြင်ဆင်တာဆိုပြီး မြောက်ကိုရီးယား တာတိုပစ်ဒုံးတွေ ထပ်ပစ်

မဲခေါင်၊ မတ် ၁၉ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကနေ့ မနက် ဒေသစံတော်ချိန် ၁၁ နာရီ ၅ မိနစ်မှာ မြောက်ကိုရီးယား ဟာ ဂျပန်ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

အမေရိကန် MQ-9 ဒရုန်းကိုပျက်ကျစေတဲ့ လေယာဉ်မှူး ၂ ယောက်ကို ရုရှားနိုင်ငံတော် ဂုဏ်ထူးဆောင်ဆု ပေးအပ်

မဲခေါင်၊ မတ် ၁၈ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတကာ လေပိုင်နက်ဖြစ်တဲ့ ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး ဒရုန်း MQ-9 Reaper ကို ပျက်ကျသွားအောင် စွမ်းဆောင်ခဲ့တဲ့ ရုရှား Su-27
ကမ္ဘာ့သတင်း

ပူတင်ကို ဖမ်းဝရမ်းထုတ်တဲ့ ICC မှာ ရုရှားတွေကို တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

မဲခေါင်၊ မတ် ၁၈ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးဖြစ်တဲ့ ICC က ရုရှား သမ္မတပူတင်ဟာ ယူကရိန်းစစ် အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ယူကရိန်း ကလေးငယ်များစွာကို ရုရှားနိုင်ငံဆီ ပြန်ပေးဆွဲ ခေါ်ဆောင်မှုနဲ့ မတ်
ကမ္ဘာ့သတင်း

မြန်မာနိုင်ငံက လက်နက်ခဲယမ်းတွေဝယ်ဖို့ ရုရှားဆွေးနွေးနေကြောင်း ယူကရိန်းထောက်လှမ်းရေး ထုတ်ပြန်

မဲခေါင်၊ မတ် ၁၈ ရုရှားအစိုးရဟာ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်လာချိန် လက်နက်ခဲ့ယမ်းမလောက်ငှမှု ပြဿနာကြောင့် အများအပြားဝယ်ယူနိုင်ဖို့ မြန်မာစစ်အစိုးရဆီပါ ကမ်းလှမ်းဆွေးနွေးနေတယ်လို့ ယူကရိန်းစစ်ထောက်လှမ်းရေး ဒုတိယရာထူးအကြီးဆုံးဖြစ်တဲ့ ဗာဒင်စကီဘစ်စကီးက မတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့သတင်း

ရှီကျင်းဖျင်နဲ့ အနီးကပ်ရှိခဲ့သူ လီကျင်း တရုတ်ဝန်ကြီးချုပ်သစ် ဖြစ်လာ

မဲခေါင်၊ မတ် ၁၁ တရုတ် ပြည်သူ့လွှတ်တော်က မတ် ၁၀ ရက်နေ့မှာ ဆန္ဒမဲ ကောက်ခံပြီး လီချန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။