မဲခေါင်၊ အောက်တိုဘာ ၃၁
မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။
၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သဖြင့် ဖမ်းဆီးပို့ဆောင်ပေးရန် တရုတ်နိုင်ငံဖက်က စာဖြင့် အကူအညီတောင်းလာသောကြောင့် “ဝ”တပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်တရားခံပြေးကို ဖမ်းဆီးရမိပြီးနောက် စာရွက်စာတမ်းများ၊ သက်သေခံပစ္စည်းများနှင့်တကွ တရုတ်ဖက်သို့ လွဲပြောင်းပေးလိုက်ပြီး နောက်နောင်တွင်လည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းရှာဖွေ တိုက်ဖျက်ခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု “ဝ”တပ်ဖွဲ့ကဆိုသည်။
UWSA သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ တွင်လည်း မူးယစ်ဆေးဝါးမှုဖြင့် ပတ်သက်သည့် တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးကာ တရုတ်ဖက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့သေးသည်။
#MeKongNews
#UWSA
#ဝတပ်ဖွဲ့
#တရုတ်
#မူးယစ်
#တရားခံပြေး








