နေ့စဥ်သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင် 30 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကိုလည်း ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ကျမ မေးမြန်းခဲ့ပါတယ်။ သူ့ရဲ့အခြေအနေ ကောင်းမွန်နေတယ်ဆိုတဲ့ အတော်လေး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်” ဟု လာဇာရိုက ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံက ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံကုသမှုရရှိရေးအတွက် လာဇာရိုက တိတ်တဆိတ် ကြိုးပမ်းတိုက်တွန်းခဲ့သည်။ ယင်းကြိုးပမ်းမှုများတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံလောက်သည့်

မဲခေါင်၊ အောက်တိုဘာ ၃၀

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။

လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကိုလည်း ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို ကျမ မေးမြန်းခဲ့ပါတယ်။ သူ့ရဲ့အခြေအနေ ကောင်းမွန်နေတယ်ဆိုတဲ့ အတော်လေး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်” ဟု လာဇာရိုက ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံက ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံကုသမှုရရှိရေးအတွက် လာဇာရိုက တိတ်တဆိတ် ကြိုးပမ်းတိုက်တွန်းခဲ့သည်။

ယင်းကြိုးပမ်းမှုများတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံလောက်သည့် ဆေးကုသမှုရရှိရေး တောင်းဆိုခြင်းလည်း ပါဝင်သည်။

လာဇာရိုနှင့် အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရန် ဆန္ဒရှိခဲ့ကြသော်လည်း မြန်မာနိုင်ငံသို့ မသွားရောက်မီ ဖိလစ်ပိုင်သံတမန်အား ပေးအပ်ခဲ့သည့် ခရီးစဉ်အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ထည့်သွင်းထားခြင်းမရှိပေ။

သို့ရာတွင် လူသားချင်းစာနာမှုအကူအညီများ ပိုမိုဝင်ရောက်ခွင့်ရရှိရေးကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ကာ အရေးကြီးသည့် မြန်မာနိုင်ငံခရီးစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်သို့ ဧပြီလအတွင်း ပြောင်းရွှေ့ထားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် ၎င်းသည် လန်ဒန်တွင် နေထိုင်သည့် သားဖြစ်သူ ကင်မ်အဲရစ်နှင့် မိနစ် ၂၀ ကြာ ဖုန်းပြောဆိုခွင့် ရရှိခဲ့သည်။

ယင်းမှာ ၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်သွယ်ပြောဆိုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

စိတ်ခံစားမှုများ ပြင်းထန်ခဲ့သည့် ဖုန်းပြောဆိုမှုကို လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့သည်။

ယင်းပဋိပက္ခကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ပြီး လူဦးရေ ၅ ဒသမ ၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာပိုင်များက လူပေါင်း ၃ သောင်းကျော်ကို ဖမ်းဆီးခဲ့ကြောင်းလည်း Human Rights Watch က ထုတ်ပြန်ထားသည်။

ထက်ခိုင်
#MeKongNews
#လူထုခေါင်းဆောင်
#ဒေါ်အောင်ဆန်းစုကြည်
#အာဆီယံအထူးသံ
#စစ်အုပ်စု
#အာမခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now