အာရှသတင်း

ထိုင်းဝန်ကြီးချုပ် သူဋ္ဌေးကြီးက လစာနဲ့ထောက်ပံ့ကြေးအားလုံး မယူဘဲ ဖောင်ဒေးရှင်တွေကို လှူဒါန်းမယ်

မဲခေါင် 28 Sep - 2023
ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ဆရတ်သာသာဗီဆင်းဟာ နိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာ သူဌေးပြီးဖြစ်ပြီး သူဝန်ကြီးချုပ်အဖြစ်သာမက ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ရရှိမယ့် လစာနဲ့ ထောက်ပံ့ကြေးခံစား ခွင့်အားလုံးကို နိုင်ငံတဝန်းက လိုအပ်တဲ့ ဖောင်ဒေးရှင်းတွေဆီ လှူဒါန်းသွားမှာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင် ဝက်ချာရွန်ကီက ရှင်းလင်းပြောကြားသွားပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၈

ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ဆရတ်သာသာဗီဆင်းဟာ နိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးဖြစ်ပြီး သူဝန်ကြီးချုပ်အဖြစ်သာမက ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ရရှိမယ့် လစာနဲ့ ထောက်ပံ့ကြေးခံစား ခွင့်အားလုံးကို နိုင်ငံတဝန်းက လိုအပ်တဲ့ ဖောင်ဒေးရှင်းတွေဆီ လှူဒါန်းသွားမှာဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင် ဝက်ချာရွန်ကီက ရှင်းလင်းပြောကြားသွားပါတယ်။

မစ္စတာချိုင်က ဝန်ကြီးချုပ်ဟာ အစိုးရသစ်စီမံကိန်းချမှတ်နေတဲ့ ပြည်သူလူထုအခွင့်အလမ်းပွင့်ရေး၊ စိတ်ချမ်းသာမှုကို တိုးတက်စေခြင်း၊ လူနေမှုအဆင့်အတန်းကွာဟချက်ကျဉ်းမြောင်းရေး၊ ကလေးငယ်များပညာရေးမြှင့်တင်ရေး လုပ်ငန်းစဉ်တွေမှာ အမြန်ဆုံးကူညီနိုင်ဖို့အရေး သူ့ခံစားခွင့်အားလုံးကို အရင်ဆုံးပေးကမ်းလှူဒါန်းခြင်းက စိတ်ဓာတ်ခွန်အားကို ဖြစ်စေပြီး ယုံကြည်မှုတိုးတက်စေတာကြောင့် လှူဒါန်းတာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဆရတ်သာရဲ့ လစာဟာ ဝန်ကြီးချုပ်အဖြစ်ရော ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ လစာစုစုပေါင်း ၁၂၅၅၉၀ ဘတ် ရရှိပြီး တခြားအကျိုးခံစားခွင့်ထောက်ပံ့ငွေ တစ်လ ဘတ် ၅၀၀၀၀ ရရှိပါတယ်။

ဒီငွေတွေကို ပထမဆုံးအသုတ်အဖြစ် အလေးအထားဆုံးဖြစ်တဲ့ ကလေးငယ်များဖောင်ဒေးရှင်းကို လှူဖို့ လျာထားပြီး ဝန်ကြီးချုပ်အတွက် အလုပ်လုပ်ပေးတဲ့အဖွဲ့က နောက်ထပ်လှူဒါန်းရမယ့် လိုအပ်တဲ့ဖောင်ဒေးရှင်း တွေကို တိုင်ပင်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ဆရတ်သာဟာ လစာတွေလှူရုံသာမက ရန်ပုံငွေဖောင်ဒေးရှင်း အသီးသီးနဲ့တွေ့ဆုံဆွေးနွေးပြီး အခက်အခဲပြဿနာတွေကို ဖြေရှင်းပေးဖို့လည်း ကြိုးစားသွားမှာလို့ မစ္စတာ ချိုင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ref: bangkokpost
MKF-001

#MeKongNews

#ထိုင်း

#ဝန်ကြီးချုပ်သစ်

#လစာ

#ဖောင်ဒေးရှင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

အမတ်အားလုံးပါဝင်တဲ့ ပါတီသစ်နဲ့ရွေးကောက်ပွဲ တိုက်ပွဲသစ်ဝင်မယ်လို့ ဖိထာ ကြုံးဝါး

MFP အမတ်တွေကို ဘက်ပြောင်းဖို့ ဝန်ကြီးအဖွဲ့ တစ်ယောက် ဘတ်သန်း ၂၀နဲ့ ၃၀ ကြားပေး စည်းရုံးမှု ဝန်ကြီးချုပ် ငြင်းဆို
အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now