အာရှသတင်း

အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချလုပ်ငန်းတွေမှာ ပတ်သက်မှုနဲ့ ထိုင်း ဒုရဲချုပ်အပါ ထိပ်တန်းရဲအရာရှိ ၈ ဦး ဖမ်းဆီးစစ်ဆေးခံနေရ

မဲခေါင် 25 Sep - 2023
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ဆူရာချာတီ ဟက်ခ်ပန်းရဲ့ သုံးထပ်တိုက်နေအိမ်ကို တာဝန်ရှိရဲအရာရှိတွေဟာ ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ဆူရာချာတီ ဟက်ခ်ပန်းရဲ့ သုံးထပ်တိုက်နေအိမ်ကို တာဝန်ရှိရဲအရာရှိတွေဟာ ဒီနေ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

အဲ့ဒီလို ဝင်ရောက်စီးနင်းခဲ့ပေမယ့် ဒုရဲချုပ်က ခြံထဲအဝင်မခံဘဲ အာဏာပြခြိမ်းခြောက်နေခဲ့ပြီးမှ ဆိုင်ဘာရာဇဝတ်စုံစမ်းရေးဗျူရို ကော်မရှင်နာ ရဲမှူးချုပ် ဝိုရာဝပ်ဝက်တနာကွန်းဘန်ချာက ကြားဝင်ပြီး စေ့စပ်ပေးလို့ အိမ်ထဲအဝင်ခံသလို စုံစမ်း စစ်ဆေးခံဖို့ လိုက်ပါခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ထိုင်း လမ်ဖွန်းဝါရီယာဘောလုံးအသင်း ဥက္ကဌ ပေါင်ဆီရီကို တရားမဝင်အွန်လိုင်းလောင်းကစား စီမံကိန်းကနေ စီးပွားရှာကာ ငွေကြေးခဝါချဖို့ ဘောလုံးအသင်းဝယ်လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ဆေး သိရှိခဲ့ရပါတယ်။

ဒါကြောင့် ဒီအမှုနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ၂၅ ရက်မှာ ပက်ချာဘူရီ၊ ခွန်ကိန်း၊ သူဒွန်သနီ၊ ဆာရာဘူရီခရိုင်တွေက ပစ်မှတ်နေရာ ၃၀ ကို ရဲအင်အား အလုံးအရင်း အသုံးပြုပြီး စီးနင်းရာမှာ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရာချာတီဟက်ခ်ပန်းအိမ်ကိုလည်း ဝင်စီးနင်းခဲ့တာဖြစ်သလို ထိပ်တန်းရဲအရာရှိ ၇ ဦး၊ ရဲမှူးကြီး တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒုရဲချုပ် ဟက်ခ်မန်းကိုတော့ အိမ်အတွင်း ဝင်ရောက် စီးနင်းခဲ့ပြီးနောက် မသင်္ကာစရာ သက်သေဘာမှမတွေ့ရဘူးလို့ ထုတ်ပြန်ကာ ပြန်လွှတ်ပေးခဲ့ကာ သူ့လက်အောက်က အနီးကပ် ရဲအရာရှိတပည့် ၈ ယောက်စလုံး သူလက်တွဲခဲ့ရသလောက် ဒီလို အွန်လိုင်းလောင်းကစား၊ ဆိုက်ဘာရာဇဝတ် လုပ်ငန်းနဲ့ ငွေကြေးခဝါချမှုတွေမှာ ပတ်သက်ခဲ့တာမရှိလို့ အပြစ်မရှိနိုင်ဘူးလို့ မီဒီယာတွေကိုတောင် ရှင်းလင်း ပြောကြားသွားပါတယ်။

ဒုရဲချုပ် ဟက်ခ်ပန်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ရဲချုပ်အဖြစ် တင်မြှောက်ဖို့ ဆန်ခါတင် ရွေးထားတဲ့ ၄ ယောက်ထဲက တစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်း Khaosod မီဒီယာကတော့ ဒီ ၈ ယောက်မှာ ၅ ယောက်ဟာ အပြစ်ကျူးလွန်ထားသူတွေဖြစ်တယ်လို့ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

Ref: Khaosod
MKF-001

#MeKongNews

#ဒုရဲချုပ်

#ဟက်ခ်မန်း

#လောင်းကစား

#ငွေကြေးခဝါ

#ထိုင်းရဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

အမတ်အားလုံးပါဝင်တဲ့ ပါတီသစ်နဲ့ရွေးကောက်ပွဲ တိုက်ပွဲသစ်ဝင်မယ်လို့ ဖိထာ ကြုံးဝါး

MFP အမတ်တွေကို ဘက်ပြောင်းဖို့ ဝန်ကြီးအဖွဲ့ တစ်ယောက် ဘတ်သန်း ၂၀နဲ့ ၃၀ ကြားပေး စည်းရုံးမှု ဝန်ကြီးချုပ် ငြင်းဆို
အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now