မဲခေါင်၊ စက်တင်ဘာ ၂၀
မြန်မာရေတပ်ရဲ့ သုတေသနစင်တာတစ်ခုဆီကို တရားမဝင် ရေအောက် အသံလှိုင်းဖတ်စနစ် (sonar system)ဆိုနာ ရောင်းစားခဲ့တဲ့ စင်ကာပူနိုင်ငံသား နှစ်ဦးကို စက်တင်ဘာ ၁၉ ရက်နေ့က စင်ကာပူတရားရုံးကနေ စုစုပေါင်း ဒေါ်လာ ၈၀၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် ကုမ္ပဏီအရောင်းမန်နေဂျာ ပွိုင်တာအဂက်စ်ကန့်ဂျနာကို ဒေါ်လာ ၃၅၀၀၀၊ ဒါရိုက်တာဖြစ်တဲ့ အသက် ၇၀ အရွယ် ဝိုင်အွန်းချွန်ကို ဒေါ်လာ ၄၅၀၀၀ တပ်ရိုက်လိုက်ပြီး နိုင်ငံရဲ့ မဟာဗျူဟာကျကုန်ပစ္စည်းမရောင်းရ အက်ဥပဒေကို ချိုးဖောက်လို့ ဒဏ်ရိုက်တာဖြစ်ပါတယ်။
သူတို့ ကုမ္ပဏီ Hydronav Services ဟာ အင်ဒိုနီးရှားကုမ္ပဏီကတဆင့် ဒီဆိုနာကို နော်ဝေနိုင်ငံကနေမှာယူပြီး မြန်မာစစ်ကောင်စီထံ ရောင်းခဲ့တာဖြစ်တာကြောင့် ကုမ္ပဏီကိုပါ ဒေါ်လာ ၁ . ၁ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။
ဒီဆိုတာစနစ်ကို ဝယ်ယူစဉ်က ဒေါ်လာ ၇၅၉၉၃၁၂၀ နဲ့သာ ဝယ်ပြီး မြန်မာရေတပ်ရဲ့ Hydrographic Centre ဆီ ဒေါ်လာ ၁ . ၅၈ သန်းနဲ့ ပြန်ရောင်းခဲ့တာ ဖြစ်ပါတယ်။
Ref: straitstimes
MKF-001
#MeKongNews
#စင်ကာပူ
#ဆိုနာ
#စစ်ကောင်စီ
#ဒဏ်ရိုက်
#ရေတပ်








