အာရှသတင်း

ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ထိုင်းအစိုးရက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသားတွေကို ဗီဇာမလို ၅ လ လည်ပတ်ခွင့်ပြု

မဲခေါင် 14 Sep - 2023
ပြည်ပခရီးသွားရာသီရောက်တော့မှာမို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာသာဗီဆင်းက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသူ၊ နိုင်ငံသားတွေကို ၅ လတာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၄

ပြည်ပခရီးသွားရာသီရောက်တော့မှာမို့ ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာသာဗီဆင်းက တရုတ်နဲ့ ကာဇက်စတန်နိုင်ငံသူ၊ နိုင်ငံသားတွေကို ၅ လတာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခွင့်ပြုတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ဒီနှစ်နိုင်ငံက လူတွေကို ဗီဇာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုတာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်သစ်က ဆိုပါတယ်။

တရုတ်ပြည်သူတွေဟာ ထိုင်းခရီးသွားလည်ပတ်မှုဟာ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေလို့ ဒီလိုစီစဉ်တာဖြစ်ပြီး တရုတ်နိုင်ငံ မြို့ကြီးတွေတင်မဟုတ်ဘဲ အခြားမြို့တွေကပါ တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲမှာဖြစ်ပြီး လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့ပါ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆရတ်သာက ပြောကြားသွားပါတယ်။

ဒီမူဝါဒအသစ်ကြောင့် ၂၀၂၃ ခုနှစ်အတွက် လာရောက်လည်ပတ်သူ နိုင်ငံခြားသား ၂၈ သန်းအထိ မြင့်တက်လာဖို့ ရည်မှန်းထားကြောင်း၊ ဒီအရေအတွက်အရဆိုရင် ဘတ် ၁ . ၄ ထရီလီယံ ရနိုင်မှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မှာ သန်း ၄၀ အထိလာရောက်လည်ပတ်ပြီး ဘတ် ၃ . ၁ ထရီလီယံအထိ ရဖို့ ရည်မှန်းထားကြောင်းလည်း ဆရတ်သာက ရှင်းလင်းတင်ပြပါတယ်။

၂၀၁၉ ခုနှစ်က ကိုဗစ်ကပ်ဘေးမတိုင်ခင် ထိုင်းနိုင်ငံကို ပြည်ပခရီးသွား သန်း ၄၀ လာရောက်လည်ပတ်ရာမှာ ၂၈ ရာခိုင်နှုန်းက တရုတ်တွေဖြစ်လို့ ထိုင်းအစိုးရသစ်ဟာ တရုတ်ကို ဦးတည်ပစ်မှတ်ထားပြီး ဗီဇာ ၅ လ ကင်းလွတ် ခွင့်ပေးခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖို့ GDP မှာ ပြည်ပခရီးသွားလုပ်ငန်းက ၁၂ ရာခိုင် နှုန်းအထိ ဝင်ငွေရှာပေးနိုင်ကြောင်း သိရှိရပါတယ်။

Ref: china.org
MKF-001

#MeKongNews

#ထိုင်း

#တရုတ်

#ကာဇက်စတန်

#ခရီးသွား

#ဗီဇာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း အာရှသတင်း

အမတ်အားလုံးပါဝင်တဲ့ ပါတီသစ်နဲ့ရွေးကောက်ပွဲ တိုက်ပွဲသစ်ဝင်မယ်လို့ ဖိထာ ကြုံးဝါး

MFP အမတ်တွေကို ဘက်ပြောင်းဖို့ ဝန်ကြီးအဖွဲ့ တစ်ယောက် ဘတ်သန်း ၂၀နဲ့ ၃၀ ကြားပေး စည်းရုံးမှု ဝန်ကြီးချုပ် ငြင်းဆို
အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မြန်မာနယ်စပ်မှာ တရုတ် လက်တွေ့ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီ ၂ ရက်နဲ့ ၃ ရက်တွေမှာ မြန်မာနဲ့ နယ်စပ်ဧရိယာ ၅ ခုမှာ လက်တွေ့ပစ်ခတ် စစ်ရေးလေ့ကျင့်မှုတွေလုပ်သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ဧပြီတစ်လလုံး အပူချိန်မြင့်မားပြီး ၄၄ . ၅ ဒီဂရီအထိ ရောက်နိုင်တယ်လို့ ထိုင်းမိုးဇလ သတိပေး

ဧပြီတစ်လလုံး နိုင်ငံတစ်ဝန်း အပူချိန် မြင့်မားလွန်းမှာဖြစ်ကြောင်းနဲ့ ၄၃ ဒီဂရီဆဲလ်စီးယက်စ်ကနေ အမြင့်ဆုံး ၄၄ .၅ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းပြီး သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

နာမည်ကြီးထိုင်း ပီးမက်မင်းသား ကွယ်လွန်

ထိုင်းရုပ်ရှင်မင်းသား မက်ဝီနိုင်ကရိုင်ဘတ်ဟာ မတ်လ ညသန်းခေါင်အချိန်မှာ သွေးပေါင်ထိုးကျပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်ပေါ် အသိပေးသွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

တရုတ် အိမ်ဖြူတော်ဂိတ် ကားမောင်းဝင်သူကို သက်တော်စောင့်တွေ ဖမ်းဆီး

သမ္မတရှီကျင်းဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲမိသားစုတွေ နေထိုင်ရာ ပေကျင်းက အဆောက်အအုံဂိတ်ထဲကို ကားနဲ့အမြန်မောင်းဝင်တဲ့သူတစ်ယောက်ကို သက်တော်စောင့် လုံခြုံရေး တပ်တွေက ဖမ်းဆီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

မီးခိုးမြူအထူထပ်ဆုံးဖြစ်နေတဲ့ ချင်းမိုင်မှာ တောမီးရှို့သူ သတင်းပေးနိုင်ပါက ဘတ် ၁၀၀၀၀ ဆုငွေချီးမြှင့်မယ်

ချင်းမိုင်အပါအဝင် ၁၁ ခရိုင်ဟာ အဆိုးဆုံး အနီရောင်အဆင့်၊ ၃၇ ခရိုင်က အနည်းငယ် အန္တရာယ်ရှိစေတဲ့ လိမ္မော်ရောင်အဆင့်ရှိနေကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာရှသတင်း

ဆူရတ်ဌာနီမှာ တရားမဝင်မူကြိုဖွင့်ထားတဲ့ အမေရိကန်သူနဲ့ မြန်မာ အိမ်အကူ ၄ ဦး ဖမ်းဆီးခံရ

ကလေးထိန်းအဖြစ်အလုပ်လုပ်နေတဲ့ ယူကရိန်းသူတစ်ဦးနဲ့ အစ္စရေးသူ ၂ ဦးအဖြစ် အိမ်အကူလုပ်သားလုပ်နေတဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကိုပါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးအရေးယူဖို့ စီစဉ်နေတယ်လို့ ထိုင်းရဲ တပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now