မဲခေါင်၊ ဩဂုတ် ၂၂
ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ပြည်ပနိုင်ငံတွေမှာ ၁၇နှစ်ကြာ တိမ်ရှောင်နေခဲ့ရာကနေ ဒီနေ့ ဩဂုတ်လ ၂၂ရက် ထိုင်းစံတော်ချိန် မနက် ၁၀နာရီမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။
ဆန္ဒပြမှု၊ အငြင်းပွားမှု၊ အာဏာသိမ်းမှုတွေအပြီးမှာ တရားစွဲဆိုခံရတာကြောင့် ပြည်ပကို တိမ်းရှောင်သွားတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒွန်မောင်းလေဆိပ်ကနေတဆင့် ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
သူ့ပါတီကိုထောက်ခံတဲ့ ရှပ်နီတွေဟာ ဒွန်မောင်းလေဆိပ်မှာ သက်ဆင်ကို ကြိုဆိုကြပါတယ်။ သက်ဆင်ဟာ လေဆိပ်ကနေ ထွက်ခွာပြီးနောက် သူ့ကို စွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှုနဲ့သက်ဆိုင်တဲ့ အမှုတွေကို ရင်ဆိုင်ဖို့ အထူးတရားရုံးကို ထွက်ခွာသွားခဲ့ပါတယ်။
ဒေသစံတော်ချိန် ၁၀နာရီ ၂၀မိနစ်မှာ အထူးတရားရုံးကိုရောက်ခဲ့ပြီး တရားရုံးရဲ့ကြားနဲ့ချက်ကိုစောင့်ဆိုင်းနေပါတယ်။ သူ့ကို စွဲဆိုထားတဲ့အမှုတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၈နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒီတခေါက်ထိုင်းရွေးကောက်ပွဲမှာ လူငယ်တွေဦးဆောင်တဲ့ ရှေ့သို့ချီပါတီက အနိုင်ရခဲ့ပေမယ့် အစိုးရမဖွဲ့နိုင်တာကြောင့် ဒုတိယမဲအများဆုံးရတဲ့ သက်ဆင်ရဲ့ပါတီ ဖွေထိုင်းက စစ်တပ်ကြောထောက်နောက်ခံပါတီတွေနဲ့ပေါင်းပြီး အစိုးရဖွဲ့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
သက်ဆင် ပြည်တော်ပြန်လာတဲ့ ဩဂုတ်လ ၂၂ရက်နေ့မှာပဲ သူ့သမီးဦးဆောင်တဲ့ ဖွေထိုင်းပါတီက ထိုင်းလွှတ်တော်ထဲမှာ ဝန်ကြီးချုပ်ရွေးကောက်ပွဲကို အမည်စာရင်းတင်သွင်းမှာ ဖြစ်ပါတယ်။
Source – Khaosod English
#MeKongNews
#သက်ဆင်
#ဖွေထိုင်း
#ရှပ်နီ








