အာစီယံဒေသတွင်း

Pegasus Spyware သုံးလို့ ထိုင်းအစိုးရကို iLaw တရားစွဲဖို့ပြင်

မဲခေါင် 16 Feb - 2023
ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ထိုင်းအစိုးရဟာ မိုးဘိုင်းဖုန်းတွေမှာ စောင့်ကြည့်စနစ်ဖြစ်တဲ့ Pegasus Spyware သုံးနေတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အခမဲ့ဥပဒေအကျိုးဆောင်အဖွဲ့ iLaw က ဦးဆောင်ပြီးတရားစွဲသွားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပယာရွတ်နဲ့အစိုးရအဖွဲ့ဟာ အစ္စရေးကုမ္ပဏီ NSO ရဲ့ Pegasus Spyware ကို ထိုင်းအစိုးရကအသုံးပြုပြီး အတိုက်အခံတွေရဲ့ ဖုန်းတွေကို Hack ပြီး သတင်းအချက်အလက်တွေ ရယူခဲ့တာဟာ ၂၀၂၀-၂၀၂၁ နှစ်ထဲ အယောက် ၃၀ အနည်းဆုံးရှိခဲ့ကြောင်း၊ ဒီကာလအတွင်း သူ့ရဲ့ အိုင်ဖုန်းကို ဒီဆော့ဖ်ဝဲလ်နဲ့ အစိုးရကိုယ်တိုင်က Hack လုပ်ပြီး ကြားဖောက်ရယူတာ ၁၀ ကြိမ်မကရှိခဲ့တယ်လို့ ILaw အဖွဲ့ ဥပဒေကျွမ်းကျင်သူ ယင်းချိအတက်ချာနွန့်ဆိုသူက ပြောကြားသွားပါတယ်။

ရှေ့နေတစ်ဦးဖြစ်တဲ့ အတက်ချာနွန့်က ဒီစပိုင်ဆော့ဖ်ဝဲလ်ကြောင့် တရားရေးစနစ်အပေါ် အယုံအကြည်ပိုမဲ့စေကြောင်း၊ ပြည်သူတစ်ဦးရဲ့ ဖုန်းကို ကြားဖောက်ခိုးနားထောင်ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် နိုင်ငံတကာဥပဒေက ပြဌာန်းထားပြီးသားဖြစ်ကြောင်း၊ ရောင်းသူနဲ့ အသုံးချသူကို သက်သေနဲ့လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ခဲပေမယ့် ဒီလုပ်ရပ်ဟာ ကိုယ့်အိမ်ကို ရဲတစ်ယောက်က အကြောင်းမဲ့ စောင့်ကြည့်နေတာထက်ပိုဆိုးတဲ့ လုပ်ရပ်မျိုးဖြစ်လို့ တရားစွဲသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဘန်ကောက်ပို့စ်က ဒီသတင်းနဲ့ပတ်သက်လို့ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမယ့် တစ်စုံတစ်ရာဖြေကြားခြင်းမရှိကြောင်း၊ အစ္စရေးကုမ္ပဏီ NSO ကလည်း ထိုနည်းလည်းကောင်း ဖြစ်ကြောင်း၊ သူတို့ ဆော့ဖ်ဝဲလ်ဟာ အကြမ်းဖက်မှုရန်၊ ရာဇဝတ်မှုဖော်ထုတ်ရေးနဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စွဲဆောင်စည်းရုံးမှုတွေကို ဖော်ထုတ်ရေးအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတာလို့သာ ထုတ်ပြန်ခဲ့ ကြောင်း ဖော်ပြသွားပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာလည်း အာဏာမသိမ်းမီတစ်လအလိုမှာကတည်းက သူတို့ပိုင် MPT ဖုန်းတွေ မှာ သတင်းအချက်အလက်ကြားဖောက်ယူပြီး အတိုက်အခံတွေကို စုံစမ်းဖို့ အစ္စရေးနည်းပညာကုမ္ပဏီ Cognyte Software Ltd (CGNT.O) ကို တင်ဒါပေးအောင်စေခဲ့ပြီး ဒီဆော့ဖ်ဝဲလ်ကို အသုံးချနေကြောင်း ရိုက်တာသတင်းကဖော်ပြခဲ့ပါတယ်။

အစ္စရေးတရားရုံးချုပ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို စစ်လက်နက်နည်းပညာအသုံးအဆောင်တွေမရောင်းချဖို့ ပိတ်ပင်ထားရာက မြန်မာစစ်တပ်ကို Cognyte Software ရောင်းချခဲ့လို့ အစ္စရေးလူ့အခွင့်အရေးရှေ့နေတွေက တရားရုံးချုပ်ကို ထပ်တိုင်အမှုဖွင့်ထားတယ်လို့ ဇန်နဝါရီလလယ်ပိုင်းမှာ ရိုက်တာက ဖော်ပြခဲ့ပါတယ်။

MKF – 001
Ref: Bangkok Post

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

စစ်ကောင်စီလေယာဉ်တွေ လေပိုင်နက်ထဲဝင်လာရင် ၅ မိနစ်အတွင်း တိုက်ခိုက်ဖို့အသင့်လို့ ထိုင်းလေတပ်မှူး ဖွင့်ဟ

စစ်ကောင်စီ လေယာဉ်တွေ လာရောက်တိုက်ခိုက်လို့ လေပိုင်နက်ကျော် လွန်လာရင် တားဆီးတိုက်ခိုက်သွားဖို့ ၅ မိနစ်အတွင်း အသင့်အနေအထားပြင်ထားတယ်လို့ ပြောဆိုလာပါတယ်။
အာစီယံဒေသတွင်း

ထိုင်းလေပိုင်နက် အထိပါးမခံဘူးလို့ဆိုကာ F16 တိုက်လေယာဥ်တွေ အသင့်ပြင်

မြ၀တီ ၂၇၅ တပ်က စစ်သား ၂၀၀ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ထွက်ပြေးရောက်ရှိနေချိန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာက မြ၀တီစစ်ပွဲဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းမှာ အွန်လိုင်းမှလိမ်လည် ဈေးရောင်းချမှု ၃ လအတွင်း ဘတ် ၁ ဘီလီယံကျော်ရှိ

အွန်လိုင်းလိမ်လည် ပစ္စည်းရောင်းချရေးလုပ်ငန်းတွေက အဆိုးရွားဆုံးဖြစ်နေသေးပြီး ၂၀၂၄ ပထမ ၃ လပတ်အတွင်းမှာပဲ နိုင်ငံတစ်ဝန်း လိမ်လည်ခံရမှုတန်ကြေး ဘတ် ၁ .၀၂ ဘီလီယံရှိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တော်ဖြစ်လာပြန်လို့ ချင်းမိုင်မှာ ၃ ရက် နေအိမ်မှသာ အလုပ်လုပ်ဖို့ အမိန့်ထုတ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဟာ ဧပြီ ၉ ရက် ဒေသစံတော်ချိန် နံနက် ၉နာရီ ၂၀ မိနစ်တိုင်းတာချက်အရ လေထု တစ်ကုဗတီတာအတွင်းဖုန်မှုန့် ၂၀၃ မိုက်ခရိုဂရမ် အထိပါဝင်နေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဆူညံလို့ တိုင်ကြားခံရတဲ့ မြန်မာလူငယ် ၄၀ ပြန်ပို့ဖို့ ထိုင်းစီစဥ်နေ

မြန်မာနိုင်ငံသားလူငယ် အယောက် ၄၀ ဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ရွမ်ဖိုငန်ရွာက နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ရာမှာ အုပ်စုလိုက် ဆူညံနေလို့ တိုင်ကြားခံရမှုကနေ ဖမ်းဆီးခံရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

၂၀၂၇ မှာ အခြေခံတစ်နေ့လုပ်ခ ဘတ် ၆၀၀ ဖြစ်စေဖို့ ရည်မှန်းထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဆို

၂၀၂၇ ခုနှစ်ရောက်ရင် အခြေခံတစ်နေ့လုပ်ခလစာ ဘတ် ၆၀၀ ပေးဖို့ ရည်မှန်းထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနဝန်ကြီး ပီပတ်ရတ်ချာကစ်ပရာကန်က ဧပြီ ၅ ရက်နေ့ အောက်လွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း အာရှသတင်း

ထိုင်းစစ်ဘက်၊ ရဲဘက် ခေါင်းဆောင်တွေ မြ၀တီက ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေကြောင်း MFP အမတ်အောက်လွှတ်တော် Debate မှာ တင်ပြ

မြ၀တီဘက်က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အရေး ပျက်ကွက်နေတယ်လို့ အောက်လွှတ်တော် အထွေထွေ စကားစစ်ထိုးပွဲ (General Debate ) မှာ ဝေဖန်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဓမ္မသရွာစစ်ရှောင်တွေအတွက် ထိုင်း ယူ-၂၃ လက်ရွေးစင် ဘောလုံးသမား ဂျာစီလေလံတင် ရောင်းချမှု ဘတ် ၃၆၅၀၀ ရရှိ

ဓမ္မသရွာအတွက် ထိုင်း ယူ-၂၃ လက်ရွေးစင်ဘောလုံးသမား ပေါင်ဆာခွန်းက ဂျာစီလေလံတင် ရောင်းချရာမှာ ဘတ် ၃၆၅၀၀ နဲ့ လေလံအောင်သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now