အာစီယံဒေသတွင်း

CP Group ကိုကျော်တက်ပြီး Red Bull မိသားစု ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ဖြစ်လာ

မဲခေါင် 3 Jul - 2024
အမေရိကန် ဘဏ္ဍာရေးသုတေသန Forbes မဂ္ဂဇင်းနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးနေရာကို Red Bull အားဖြည့်အချိုရည် ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ချာလမ်းယိုဗစ်ဒရာ မိသားစုက ရပ်တည်သွားနိုင်ပြီး အရင် အချမ်းသာဆုံးဖြစ်တဲ့ CP Group ရဲ့ ချီအာရာဗန်နွန့် ညီအစ်ကိုများအုပ်စု က ဒုတိယ အချမ်းသာဆုံးနေရာကို ကျဆင်းသွားခဲ့ပါတယ်။

မဲခေါင်၊ ဇူလိုင် ၃

အမေရိကန် ဘဏ္ဍာရေးသုတေသန Forbes မဂ္ဂဇင်းနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးနေရာကို Red Bull အားဖြည့်အချိုရည် ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ချာလမ်းယိုဗစ်ဒရာ မိသားစုက ရပ်တည်သွားနိုင်ပြီး အရင် အချမ်းသာဆုံးဖြစ်တဲ့ CP Group ရဲ့ ချီအာရာဗန်နွန့် ညီအစ်ကိုများအုပ်စု က ဒုတိယ အချမ်းသာဆုံးနေရာကို ကျဆင်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် အယောက် ၅၀ စာရင်းရဲ့ စုစုပေါင်း ကြွယ်၀ချမ်းသာမှုက မနှစ်ကထက် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ချာလမ်းယိုဗစ်ဒရာမိသားစုရဲ့ ကြွယ်၀မှုက မနှစ်ကထက် ဒေါ်လာ ၂.၆ ဘီလီယံ ပိုတိုးလာပြီး စုစုပေါင်း ဒေါ်လာ ၃၆ ဘီလီယံနဲ့ အချမ်းသာဆုံး စာရင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

မနှစ်ကတစ်နှစ်တည်း Red Bull ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားက ပုလင်းနဲ့ သံဗူးနှစ်မျိုးစလုံး ၁၂ ဘီလီယံကျော် ရောင်းခဲ့ရလို့ ဝင်ငွေ ဒေါ်လာ ၁၁ ဘီလီယံအထိ ရှိခဲ့တာကြောင့်လည်း အချမ်းသာဆုံး စာရင်းကို တက်လှမ်းသွားနိုင်တာဖြစ်ပါတယ်။

ချာရိုအန်ပေါ့ခ်ဖန်းအုပ်စုလို့ ခေါ်တဲ့ CP Group ဟာ ဆယ်စုနှစ်တစ်ခုအတွင်း ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပေမယ့် မနှစ်က ကြွယ်၀မှု ဒေါ်လာ ၃၄ ဘီလီယံကနေ ဒီနှစ် ဒေါ်လာ ၂၉ ဘီလီယံသာ ချမ်း သာတော့တဲ့အထိ နိမ့်ကျသွားလို့ အဆင့် (၁) နေရာကို ဖယ်ပေးလိုက်ရတာပဲဖြစ်ပါတယ်။

တတိယနေရာကိုတော့ ထိုင်းနိုင်ငံရဲ့ အဖျော်ယမ္ပကာလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ Thai Beverage ကပဲ ရယူထားပြီး မနှစ်ကထက် ဒေါ်လာ ၃ . ၆ ဘီလီယံ လျော့နည်းသွားပေမယ့် ဒေါ်လာ ၁၀ ဘီလီယံနဲ့ တတိယအချမ်းသာဆုံးအဖြစ် ရပ်တည်သွားနိုင်တာဖြစ်ပါတယ်။

စတုတ္ထနေရာမှာ နိုဝင်ဘာလက လန်ဒန် Selfridges စတိုးဆိုင်လုပ်ငန်းရဲ့ အဓိက ရှယ်ယာရှင်အဖြစ်ပါ ရင်းနှီးမြှုပ်နှံနိုင်ခဲ့တဲ့ Central Group မိသားစုက ကြွယ်၀မှု ဒေါ်လာ ၉.၉ သန်း၊ စွမ်းအင်နဲ့ တယ်လီကွန်းတိုင်ကွန် ဆရတ် ရတ်တာနာဗာဒီက ကြွယ်၀မှု ဒေါ်လာ ၉.၂ ဘီလီယံနဲ့ အသီးသီးရပ်တည်သွားပါတယ်။

အဆိုးရွားဆုံး ကြွယ်၀မှု လျော့နည်းသွားတဲ့ ထိုင်းသူဌေးကတော့ ပြန်လည်ဆန်းသစ်စွမ်းအင်နဲ့ လျှပ်စစ်ကားလုပ်ငန်းတွေလုပ်တဲ့ Energy Absolute အမှုဆောင်ချုပ် ဆွမ်ဖုတ်အူနိုင်းဖြစ်ပြီး မနှစ်က အချမ်းသာဆုံး အဆင့် (၁၀)အတွင်း ဝင်ခဲ့ပေမယ့် လုပ်ငန်းမအောင်မြင်မှုကနေ ကြွေးဖိစီးမှုကြောင့် အဆင့် (၃၂) နေရာကို ထိုးဆင်းသွားခြင်းဖြစ်ပါတယ်။

အာရှမှာ ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးကျဆင်းခြင်းကြောင့် ကြွယ်၀သူတွေ ပိုင်ဆိုင်မှု လျော့ကျလာခဲ့တာဖြစ်ပြီး ထိုင်းစတော့ခ်ရှယ်ယာစျေးကွက် SET မှာ ဘတ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့်လည်း ထိုင်းအချမ်းသာဆုံး အယောက် ၅၀ ရဲ့ စုစုပေါင်း ကြွယ်၀မှု ကျဆင်းမှုနှုန်းဟာ ၁၂ ရာခိုင်နှုန်း (ငွေအားဖြင့် ဒေါ်လာ ၁၅၃ ဘီလီယံ) အထိ ကျဆင်းသွားရတာဖြစ်ပါတယ်။

Ref:Bangkokpost
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ ပိုင်ရှင်ရှိခွေးကိုပစ်သတ်ပြီး ငါးစာကျွေးတဲ့ မြန်မာနိုင်ငံသားကို ရဲဖမ်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့တင်ကစ်ချန့်နယ်က မယ်တမန်းရွာမှာ ဇွန် ၁၈ ရက်က ပိုင်ရှင်ရှိခွေး တစ်ကောင်ကို သေနတ်နဲ့ပစ်သတ်ပြီး ငါးစာကျွေးတဲ့ မြန်မာနိုင်ငံသား
အာစီယံဒေသတွင်း

တာ့ခ်ခရိုင်၊ ဖုပ်ဖမှာ အထောက်အထားမဲ့ မြန်မာ ၁၉ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်၊ ဖုပ်ဖခရိုင်ခွဲမှာ ဇွန် ၁၇ ရက် ညပိုင်းက မြန်မာနိုင်ငံဘက်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာ ၁၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

LGBTQIA သန်း ၂၀၀ ကျော်ကို လက်ထပ်ပေးပြီး အငြိမ်းစားဘ၀နဲ့ပါနေထိုင်နိုင်ရေး Pink Plus စီးပွားရေးစနစ်ကို ထိုင်းစတင်

ထိုင်းနိုင်ငံမှာ မကြာသေးခင်က လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် ကမ္ဘာတစ်ဝန်းက မတူကွဲပြား LGBTQIA + အသိုင်းအဝိုင်းဝင် သန်း ၂၀၀ ကျော်ကို နိုင်ငံအတွင်း လာရောက်လက်ထပ်၊ သေတဖန် သက်တစ်ဆုံး နေထိုင်ခွင့်ပေးမယ့်အစီအစဉ်ကို ကနဦးအစပျိုးလိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ခိုလှုံခွင့်အတွက် ဘန်ကောက်က ကနေဒါသံရုံးကို အင်တာဗျူးဖို့သွားတဲ့ ဗီယက်နမ်တက်ကြွလှုပ်ရှားသူကို ထိုင်းရဲ ဖမ်းဆီး

ဗီယက်နမ် တပါတီအစိုးရက ဖမ်း၀ရမ်းထုတ်ထားပြီး ထိုင်းကိုဖမ်းဆီးဖို့နဲ့ ပြန်လွှဲပေးဖို့ တောင်းဆိုထားတဲ့ ဘာသာရေးတက်ကြွလှုပ်ရှားသူ ဝိုင်ကွိန့်ဘီဒပ်ဘ်ကို ဘန်ကောက် ကနေဒါသံရုံးနားမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး သွားခဲ့လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဗီယက်နမ်ပြန်မပို့ဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဖန်ဇူပြည်နယ်က တရုတ်တိရစ္ဆာန်ရုံမှာ ဝက်ဝံလေးကို အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်ပဲ ကျွေးထား

တရုတ်နိုင်ငံ ဖန်ဇူးပြည်နယ်က ဂျူးလောင်တန်ဆန်းနစ်ဧရိယာ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲက ဝက်ဝံအမဲလေးဟာ တိရစ္ဆာန်ရုံပိုင်ရှင်က အသားမကျွေးနိုင်လို့ ဆယ်စုနှစ်ချီပြီး ပေါင်မုန့်နဲ့အသီးအရွက်တွေသာကျွေးထား ကြောင်း သွားရောက်လည်ပတ်သူတွေက သိရှိပြီးသနားခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

တရုတ်မှာ အိမ်သာအချိန်ဖြုန်း မတက်စေဖို့ အိမ်သာအပြင်မှာ အချိန်ပြ Timer စနစ်တွေ တပ်ဆင်

အစိုးရက လူ့အခွင့်အရေးနဲ့ ကိုယ်ရေးကိုယ်တာမှန်သမျှ ထောက်လှမ်းစောင့်ကြည့်မှုနဲ့ အုပ်ချုပ်တဲ့ တရုတ်နိုင်ငံမှာ နောက်ဆုံး အများသုံး အိမ်သာတွေမှာတောင် အိမ်သာတက်ချိန် ဘယ်လောက်ကြာသလဲ ဆိုတာကို ဖော်ပြတဲ့ ဒစ်ဂျစ်တယ် အချိန်ဖော်ပြမှုစနစ် တပ်ဆင်ထားကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

နာမည်ကြီးဘန်ကောက်စျေး မီးလောင်လို့ လှောင်အိမ်ထဲက အိမ်မွေးတိရစ္ဆာန်ထောင်ချီသေဆုံး

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး စျေးတွေထဲက တစ်ခုဖြစ်တဲ့ ဘန်ကောက် ချာတူချက် လဟာပြင်စျေးကြီးမှာ ဇွန် ၁၁ ရက်၊ မနက် ၄နာရီဝန်းကျင်က မီးလောင်ခဲ့လို့ တိရစ္ဆာန်အရောင်းဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်ခဲ့ ရာက လှောင်အိမ်ထဲက တိရစ္ဆာန်ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံး ရေတံခွန်ကြီး ရေပိုက်သွယ်ပြီးအတုလုပ်ထားကြောင်း တွေ့ရှိလို့ အရှက်ကွဲ

နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားသန်းပေါင်းများစွာ လာရောက်ရာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံးနဲ့ အမြင့်ဆုံး စဉ်ဆက်မပြတ်ရေတံခွန်ကြီးဟာ သဘာ၀ရေတံခွန်အစစ်မဟုတ်ဘဲ ရေပိုက်သွယ်တန်းပြီး အတုလုပ်ထားကြောင်း လည်ပတ်ခဲ့သူတစ်ယောက် သိရှိသွားရာက အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now