နေ့စဥ်သတင်း

ငြိမ်းချမ်းရေးပွဲစားကြီးက အပစ်ရပ်စဲရန်သဘောတူဟုဆိုသော်လည်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ဆက်လက်တိုက်ခိုက်

မဲခေါင် 13 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၃ ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းစစ်သားများ အငြင်းပွားနယ်စပ်တွင် ကမ္ဘောဒီးယားမှ အသစ်ခင်းသည့် မြေမြုပ်မိုင်းများနင်းမိရာမှ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရာ ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဖုန်းပြောအပြီး အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ငြိမ်းချမ်းရေးပွဲစားကြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်သွားခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံစလုံးမှ အပစ်ရပ်စဲရန်သဘောတူသည်ဟုဆိုသော်လည်း ထိုင်းဘက်မှ အတည်မပြုဘဲ ထရမ့်ဆိုခဲ့သည့်အတိုင်း ကမ္ဘောဒီးယားတပ်များ နယ်စပ်မှ ပြန်ဆုတ်ခွာရန်၊ ခင်းထားသည့်မိုင်းများဖယ်ရှားရန်၊ အပစ်အခတ်လုံး၀ ရပ်ရန်ကို လက်တွေ့လုပ်ပြပြီးမှ မိမိတို့ဘက်မှ သဘောတူမည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်က ထုတ်ပြန်ပြောဆိုခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်မနက်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများကို ပိုမိုပြီးပင် အရှိန်မြှင့်တင်တိုက်ခိုက်ခဲ့ကြသည်။ သေဆုံးသူ

မဲခေါင်၊ ဒီဇင်ဘာ ၁၃

ဒီဇင်ဘာ ၈ ရက်တွင် ထိုင်းစစ်သားများ အငြင်းပွားနယ်စပ်တွင် ကမ္ဘောဒီးယားမှ အသစ်ခင်းသည့် မြေမြုပ်မိုင်းများနင်းမိရာမှ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရာ ဒီဇင်ဘာ ၁၂ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဖုန်းပြောအပြီး အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ငြိမ်းချမ်းရေးပွဲစားကြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်သွားခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် နှစ်နိုင်ငံစလုံးမှ အပစ်ရပ်စဲရန်သဘောတူသည်ဟုဆိုသော်လည်း ထိုင်းဘက်မှ အတည်မပြုဘဲ ထရမ့်ဆိုခဲ့သည့်အတိုင်း ကမ္ဘောဒီးယားတပ်များ နယ်စပ်မှ ပြန်ဆုတ်ခွာရန်၊ ခင်းထားသည့်မိုင်းများဖယ်ရှားရန်၊ အပစ်အခတ်လုံး၀ ရပ်ရန်ကို လက်တွေ့လုပ်ပြပြီးမှ မိမိတို့ဘက်မှ သဘောတူမည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်က ထုတ်ပြန်ပြောဆိုခဲ့ကာ ဒီဇင်ဘာ ၁၃ ရက်မနက်တွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများကို ပိုမိုပြီးပင် အရှိန်မြှင့်တင်တိုက်ခိုက်ခဲ့ကြသည်။

သေဆုံးသူ ၂၀ ကျော်ကာ ဒဏ်ရာရသူပေါင်း ရာချီရှိလာသည့် ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ နယ်စပ်စစ်ပွဲ တွင် ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းက ဆီဆခတ်ခရိုင်ဘက်သို့ ကမ္ဘောဒီးယားဘက်မှ ၁၉ မိုင်မှ ၂၅ မိုင် အကွာအထိ ပစ်နိုင်စွမ်းရှိသော BM -21 ဒုံးအတွဲလိုက်ဖြင့် ပစ်ခတ်ရာ ထိုင်းပြည်သူ ၄ ဦး ဒဏ်ရာရပြီး အိမ်၂ လုံးပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာများဘက်က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်တစ်ပြိုင်နက် ထိုင်းဘက်မှ ဖိုက်တာဂျက်လေယာဉ်များဖြင့် ကမ္ဘောဒီးယားဘက်ခြမ်းမှ စစ်ရေးထောက်ကူပေးနေ သည့် ကာစီနိုရုံနှင့် အခြားစစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သလို နယ်စပ်ရှိ ပါဆတ်ခရိုင်မှ ချမ်နီအာ တံတားကြီးကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားတို့ စစ်ဖြစ်မှုသည် လမ်းဘေးဖြစ်ရပ်များလောက်သာ ရှိသည်ဟု ဒေါ်နယ်ထရမ့်က သုံးနှုန်းကာ နှစ်နိုင်ငံ အပစ်ရပ်စဲပြီး အမေရိကန်နှင့်ဆက်လက် ကုန်သွယ်မှုပြုကြမည်ဟု ခြိမ်းခြောက်သည့်သဘောလည်း ပြောဆိုခဲ့ရာ ထိုင်းဝန်ကြီးချုပ် အနုတင်က ကမ္ဘောဒီးယားဘက်မှ အသစ်ခင်းနေသော မြေမြှုပ်မိုင်းများ က လမ်းဘေးဖြစ်ရပ်မဟုတ်ကြောင်းနှင့် ရန်စတိုက်ခိုက်သည်မှာ ကမ္ဘောဒီးယားသာဖြစ်သောကြောင့် ထိုင်းဘက်မှ လက်စားချေးပြီး ခုခံတိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သွားခဲ့သည်။

ယခုအခြေအနေကြောင့် ယူကရိန်းစစ်ပွဲကိုပါ မရပ်တန့်နိုင်သေးဘဲ ကိုယ့်ကိုယ်ကိုယ် ဒုတိယသမ္မတ သက်တမ်းအတွင်း စစ်ပွဲကြီး ၈ ခုအား ရပ်တန့်ကာ ငြိမ်းချမ်းရေးရစေခဲ့သဖြင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရသင့်သည်ဟု ကြွေးကျော်ခဲ့သော ဒေါ်နယ်ထရမ့်အတွက် မျက်နှာ ပျက်စရာဖြစ်ရပြန်သည်။

ကိုကလင်း
Ref: Bangkokpost & Thesun
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်
#နယ်စပ်စစ်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now