လစာမရတော့သဖြင့် ထိုင်းသို့ဝင်လာသည့် ကျားဖြန့်လုပ်သား အင်ဒိုနီးနား ၁၄ ဦး ဖမ်းဆီးခံရ
မဲခေါင်၊ မတ် ၂၄
မတ် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ခွဲတွင် တာ့ခ်ခရိုင် မဲဆောက်မြို့ ဘန်ဟိုင်ဟင်ဖွန်ရပ် စစ်ဆေးရေးဂိတ်၌ မြ၀တီကျားဖြန်လုပ်ငန်းမှ ထွက်လာသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၄ ယောက်နှင့် မလေးရှားနိုင်ငံသား တစ်ယောက်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးရေးဂိတ်တွင် ထိုင်းနယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ လူဝန်မှုကြီးကြပ်ရေးအရာရှိများနှင့် တခြားသောအေဂျင်စီများစုပေါင်းပြီး ဘန်ကောက်သွားဘတ်စ်ကားကို စစ်ဆေးခဲ့ရာ အဆိုပါ နိုင်ငံခြား သား ၁၅ ယောက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့က မြ၀တီကျားဖြန်လုပ်ငန်းတွင် ကုမ္ပဏီဘက်မှ လစာမပေးတော့သဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ တက္ကဆီသမားက ခေါ်ဆောင်ကာ ဘန်ကောက်သွား ဘတ်စ်ကားပေါ် တင်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျားဖြန်လုပ်ငန်းတွင် လိမ်လည်မှုအလုပ် သွားရောက်လုပ်ကိုင်ခဲ့သူများဖြစ်သလို စာရွက် စာတမ်းများတွင်လည်း ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းများအားလုံး ကုန်ဆုံးနေသူများဖြစ် သောကြောင့် လူဝန်မှုကြီးကြပ်ရေးဗျူရိုသို့ ဆက်လက်စုံစမ်းစစ်ဆေးရန် ပို့ဆောင်ခဲ့သည်ဟုဆိုသည်။
ကိုကလင်း
Ref:Matichon
#MeKongNews









