နေ့စဥ်သတင်း

BGF ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ရေး သက်သေမလုံလောက်သေးဟု ထိုင်း DSI ဆုံးဖြတ်

မဲခေါင် 13 Feb - 2025
BGF ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ရေး သက်သေမလုံလောက်သေးဟု ထိုင်း DSI ဆုံးဖြတ်

BGF ခေါင်းဆောင်များကို ဖမ်း၀ရမ်းထုတ်ရေး သက်သေမလုံလောက်သေးဟု ထိုင်း DSI ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃

မြ၀တီကျားဖြန်လုပ်ငန်းများနှင့် လူမှောင်ခိုကူးပြီး အဓမ္မခိုင်းစေခြင်းများအတွက် မြ၀တီမြို့ကို ထိန်းချုပ်ထား သော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ မုတ်သုန်နှင့် တင်ဝင်းတို့ကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအထူးစံစမ်းစစ်ဆေးရေးဌာန (DSI) ထံသို့ သက်သေများနှင့် အချက်အလက်များတင်ပြထားသည်ဟု ထိုင်း ဒုဝန်ကြီးချုပ် ဗက်ချာရာချိုင်က ဖေဖော်ဝါရီ ၁၁ ရက်တွင် မီဒီယာအင်တာဗျူး၌ ဖွင့်ပြောခဲ့သော်လည်း ၀ရမ်း ထုတ်ရန် သက်သေမလုံလောက်သေးကြောင်း DSI ဘက်မှ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ လူမှောင်ခိုကူးမှုနှင့်ပတ်သက်သည့် တင်ပြမှုမှာ ၂၀၂၂ မေ ၁၅ ရက်မှ ဩဂုတ် ၁၃ ရက်အတွင်း အိန္ဒိယနိုင်ငံသား ၈ ယောက်ကို ထိုင်းမှ တစ်ဆင့် မြ၀တီရှိ Heng Seng Resort and Casino ဝန်းရှိရာသို့ လူမှောင်ခို ကူးခြင်းကွန်ရက်ဖြစ်ရာ ၂၀၁၇ ခုနှစ်က BGF ခေါင်းဆောင် စောချစ်သူသည် အဆိုပါ Heng Seng Resort and Casino လုပ်ကွက်ကို မြေငှားရမ်းခဲ့သူဖြစ်သော်လည်း လူမှောင်ခိုကူးမှုနှင့်ပတ်သက်သည့် အထောက်အထား တွင် ပတ်သက်မှုမှာ လုံလောက်သော သက်သေမရှိသဖြင့် ၀ရမ်းမထုတ်နိုင်ဟ DSI မှ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူမှောင်ခို ကူးခံရသော အိန္ဒိယနိုင်ငံသား ၈ ယောက်ထဲတွင် မစ္စတာဂျာဗက်အဗာဝက်စ်လီဆိုသူ ပါဝင်ပြီး ထို ၈ ယောက်ကို ထိုင်းနိင်ငံသို့ တယ်လီမာကက်တင်းအလုပ် လုပ်ရန်ဖိတ်ခေါ်ခဲ့သူမှာ ပါကစ္စတန်နိုင်ငံသား အမျိုးသမီး ပွဲစား မစ္စဆာရာ (နောက်နာမည် မသိရ)နှင့် မစ္စတာ အက်ဒွပ် (နောက်နာမည်မသိရ) တို့ဖြစ်သည်။

ဓားစာခံများ သည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြပြီး ထိုမှတစ်ဆင့် မဲဆောက်သို့ ကားဖြင့် ခေါ်ဆောင်ခံရပြီးမှ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး Heng Seng Resort and Casino သို့ လူမှောင်ခို ကူးခံရ ခြင်းဖြစ်သည်။

Heng Seng သို့ရောက်ရှိပြီးနောက် ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် နှိပ်စက်ခြင်း၊ သောခတ်လှောင်ပိတ်ခြင်းများဖြင့် နှိပ်စက်ပြီးနောက် အွန်လိုင်းငွေလိမ် ကျားဖြန်လုပ်ငန်းကို လုပ် ကိုင်စေပြီး မိသားစုများထံမှ ပြန်ပေးငွေ ပို့ပေးမှ လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်ဟု အမှုလိုက် မှတ်တမ်းများ အရ သိရှိရသည်။

ထိုင်းစုံစမ်းစစ်ဆေးရေးဌာန၏ စစ်ဆေးမှုမှတ်တမ်းတွင် မစ္စတာ အက်ဒွပ်(နာမည်ရင်းမသိရ)နှင့် တရုတ်နိုင်ငံသား မစ္စတာ Xia Xiang De တို့က အိန္ဒိယနိုင်ငံသား ၈ ယောက်ကို အဓမ္မ အနိုင်ကျင့် အလုပ်စေခိုင်းသည်ဟု သိရကာ မာရှယ်ကျွန်းနိုင်ငံသားလည်းဖြစ် တရုတ်နိုင်ငံသားဟုလည်း သိရသော မစ္စတာ Martin Q.Y. Zhang နှင့် ထိုင်းတွင် Heng Seng Trading Company Limited ကို ပိုင်ဆိုင်ထားသူ ထိုင်းနိုင်ငံသား တစ်ဦးတို့သည် Heng Seng Resort and Casino ကို ပူးတွဲပိုင်ဆိုင်ထားသူများဖြစ်ကာ အဆိုပါ ထိုင်းနိုင်ငံသားပိုင်ရှင်က အိန္ဒိယသား ၈ ယောက်ကို မြ၀တီသို့ ပို့ဆောင်ပေးခဲ့သူဖြစ်သည်ဟု အမှုတွဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် BGF ခေါင်းဆောင် များ ထိုအမှုတွဲအတွက် ဖမ်း၀ရမ်းထုတ်ရန်မှာ သက်သေလုံလောက်ခြင်းမရှိသေးသဖြင့် နောက်ထပ် ခိုင်လုံသည့် သက်သေများ လိုအပ်သည်ဟုဆိုကာ DSI က ၀ရမ်းမထုတ်နိုင်သေးဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းဘက်မှ စီစဉ်နေသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး စောချစ်သူကိုယ် တိုင်က DVB နှင့် ဖုန်းဆက်သွယ်ဖြေကြားမှုတွင် မိမိအနေဖြင့် ထိုင်းဘက်ကို အကူအညီများစွာ ပေးခဲ့သူဖြစ်ကာ မည်သည့်အတွက်ကြောင့် မိမိကို ဖမ်း၀ရမ်းထုတ်ချင်သည်ဟု ဆိုနေခြင်းအတွက် သိချင်သည်ဟု ဆိုသည်။

မိမိတို့မည်သူ့ ကိုမျှ လာခဲ့ပါဟု မခေါ်ဘဲ အားလုံး မည်သည့်နေရာမှာ ကူးလာသည်ကို အသိဖြစ်ကြောင်း၊ မည်သူမျှ မိုးပေါ်မှ ကျလာခြင်းမဟုတ်ဟုဆိုကာ ထိုင်းအာဏာပိုင်များကို ပြန်လည် မေးခွန်းထုတ်အပြီး ယခုလို ဖမ်း၀ရမ်း မထုတ် နိုင်သေးဟု ဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။

Ref:Khaosod
ကိုကလင်း
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now