အာစီယံဒေသတွင်း

အခန်းခမပေးဘဲ တည်းမယ်ဆိုတာကို ငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို လာတည်းသူက သေနတ်နဲ့ပစ်

မဲခေါင် 29 Jan - 2023
အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၉

အခန်းခ မပေးဘဲတည်းခိုမယ်လို့ ပြောတာကိုငြင်းလို့ တည်းခိုခန်းပိုင်ရှင်ကို ဧည့်သည်က သေနတ်နဲ့ပစ်ခတ်မှု မနေ့ ဇန်နဝါရီ ၂၈ ရက် စနေနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ရယောင်းမြို့မှာဖြစ်ပွားခဲ့ပါတယ်။ 

စနေနေ့မနက် ၃ နာရီလောက်မှာ တိုင်ကြားချက်ကြောင့် ရဲတွေက တည်းခိုခန်းရောက်ချိန်မှာ တည်းခိုခန်းပိုင်ရှင်၊ အသက် ၄၂ နှစ်အရွယ် သာနာပီဆစ် သာနာရက်ပီဝတ်ကို ကြောက်လန့်တကြားဖြစ်နေတာတွေ့ရတယ်လို့ ထိုင်းရဲတွေကပြောပါတယ်။ 

အမျိုးသားဧည့်သည် တစ်ယောက်က အခန်းငှားဖို့ သူ့ကိုလာပြောပြီး သူက အခန်းခတောင်းချိန်မှာ ပိုက်ဆံမပါလာဘူးလို့ပြောပြီး သေနတ်ဆွဲထုတ်ခြိမ်းခြောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ဖုံးကွယ်ပေးဖို့ ဖိအားပေးခဲ့တယ်လို့ သာနာပီဆစ်ကပြောပါတယ်။ 

အခန်းတခန်းထဲမှာပုန်းနေတဲ့ အသက် ၃၁ နှစ်အရွယ် မန်ကောင် ရာနာတာဗီဂျစ်ကို ရဲတွေက လက်နက်ချဖို့ ဖျောင်းဖျခဲ့ပေမဲ့ မောက်မောက်မာမာတုန့်ပြန်ပြီး ပွိုင့်၃၈ ပစ္စတိုနဲ့ပြန်လည်ခြိမ်းခြောက်တဲ့အတွက် ရဲတွေက ရှော့တိုက်ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ရှောင်ပြေးနိုင်ခဲ့ပြီး ရဲတွေကို သေနတ်နဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ ရဲတပ်ကြပ်ကြီး ဆက်ဆစ်ပွတ်တာ ကျည်ထိမှန်ဒဏ်ရာရခဲ့လို့ ရဲတွေက မန်ကောင်ရဲ့ခြေထောက်ကိုသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ 

မန်ကောင့်ကို ရှာဖွေစစ်ဆေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းသာမက မက်သာဖက်တမင်းမူးယစ်ဆေးဝါး ၂၀၀ ကိုလည်းတွေ့ရှိခဲ့ပြီး သူ့သေနတ်ကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းထားပါတယ်။

သူ့ကို ကလာအန်းဆေးရုံမှာကုသမှုပေးထားပြီး ဆေးရုံကဆင်းတာနဲ့ တရားဥပဒေအရ အရေးယူသွားမယ်လို့ ရဲတွေကပြောပါတယ်။ 

ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်ဟာလည်း စိုးရိမ်ရတဲ့အခြေအနေမှာမရှိဘူးလို့ ရဲတွေက အသိပေးပါတယ်။ 

Source – Bangkok Post 

#ဥက္ကာ #MeKongNews

Photo – Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ကွန်ရက်မှာ ပါဝင်နေတဲ့ ထိုင်းရဲချုပ်နဲ့ဒုရဲချုပ်ကို ရာထူးက ရပ်ဆိုင်း

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲချုပ် တော်ဆက်ခ်ဆက်ဝီမွန်နဲ့ ဒုရဲချုပ် ဆူရာချတ်ဟက်ပန်းတို့နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ သံသယတွေရှိတာကြောင့် ဝန်ကြီးချုပ် ဆရတ်သာသာဗီဆင်းကိုယ်တိုင်က ရာထူးကနေ ယာယီရပ်ဆိုင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း အာစီယံဒေသတွင်း

ငါးခိုးဖမ်းတဲ့ တံငါသည် ၂ ဦးသေဆုံးမှု ထိုင်ဝမ်ကမ်းခြေစောင့်တပ်ကို တရုတ် ပြင်းပြင်းထန်ထန်ရှုတ်ချ

တရုတ်နိုင်ငံသား ၄ ဦး လိုက်ပါတဲ့ စပိဒ်ဘုတ်ကို ထိုင်ဝမ်ကမ်းခြေ စောင့်တပ်က လိုက်ဖမ်းရာမှာ တိမ်းမှောက်ပြီး ၂ ယောက်သေဆုံးသွားမှုအတွက် တရုတ်အစိုးရက ထိုင်ဝမ်ရဲ့ လုပ်ရပ်ဟာ အန္တရာယ်ရှိတဲ့ အကြမ်းဖက်ဆန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဖွေထိုင်းနဲ့ ကွန်ဆာဗေးတစ်တွေကြားရင်ကြားစေဖို့ရည်ရွယ်ပြီး သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အာမခံလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့တာကြောင့် သက်ဆင်ဟာ ဒီသီတင်းပတ်ကုန်မှာ လွတ်မြောက်လာနိုင်တော့မယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

မြန်မာဒုက္ခသည် နှစ်သောင်းကို တစ်လအတွင်း ထောက်ပံ့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူကာရာက ထိုင်းမြန်မာနယ်စပ်ဒေသ စစ်ရှောင်ဒုက္ခသည်များ ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး စင်္ကြန်ကို တစ်လအတွင်း ဖွင့်လှစ်ပြီး အထောက်အပံ့တွေ စတင်ပေးတော့မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ပြောဆိုသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

စစ်မှုထမ်းဖို့ ထိုင်းမှာအွန်လိုင်းက လျှောက်လွှာတင်သူပေါင်း ၁၈၈၅၇ ဦးအထိ မြင့်တက်လာ

ထိုင်းနိုင်ငံမှာ စစ်မှုထမ်းဖို့ အွန်လိုင်းအပလီကေးရှင်းလျှောက်လွှာခေါ်ထားရာမှာ အရင်နှစ်ပိုင်းတွေကထက် လျှောက်လွှာတင်သူ ပိုမိုများပြားနေပြီး လက်ရှိ လျှောက်လွှာတင်သူပေါင်း ၁၈၈၅၇ ဦးရှိနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

တရုတ်စစ်ခေါင်းဆောင် ၃ ယောက် ရာထူးက ထပ်မံဖယ်ရှားခံရ

တရုတ်သမ္မတရှီကျင်းဖျင်ဟာ နိုင်ငံစစ်ရေးအာဏာအလုံးစုံ ထိန်းချုပ်နိုင်ရေး စီမံကိန်းချလုပ်ဆောင်နေရာမှာ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အကြီးအကဲတွေကို ရာထူးကဖြုတ်ချမှုတွေဆက်တိုက်လုပ်နေပြီး အခုနောက်ဆုံး တရုတ်ကွန်မြူနစ်ပါတီလမ်းညွှန်မှုအောက်က တရုတ်နိုင်ငံအတိုင်ပင်ခံအဖွဲ့ဝင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင် ပင်ခံညီလာခံ (CPPCC) က ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ရာထူးက ထပ်မံ ဖယ်ရှားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းနိုင်ငံတစ်နေရာမှာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ

ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတနေရာမှာ မနက် ၈ နာရီခွဲကနေ နေ့လယ် ၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now