အာစီယံဒေသတွင်း

မူးယစ်ဆေးပြား ၇ သောင်းကျော်သယ်လာသည့် အမျိုးသားတယောက်ကို မဲခေါင်မြစ်ကမ်းတွင် ထိုင်းရဲဖမ်းဆီး

မဲခေါင် 27 Jan - 2021
လာအိုနိုင်ငံမှ မဲခေါင်မြစ်ကိုကူးပြီး ထိုင်းဘက်သို့မှောင်ခိုကူးရန် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ ၁ ကီလိုဂရမ်သယ်လာသည့် အမျိုးသားတယောက်ကို ထိုင်းစစ်သားများက အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့သည်။ သာချမ်ပါမြို့နယ်မှရွာတရွာအနီး မဲခေါင်မြစ်ကမ်းပါးတွင် အထူးတပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က စောင့်ဆိုင်းခဲ့သည်။ အင်္ဂါနေ့ညတွင် လာအိုမှမူးယစ်ဆေးများမှောင်ခိုသယ်ဆောင်လာမည်ဟု သတင်းအရ နေရာဖြန့်ကျက်ယူထားခြင်းဖြစ်သည်။ မြစ်ကမ်းတွင် သေတ္တာ ၂ လုံးကိုတင်နေသည့်အမျိုးသား ၃ ယောက်ကို တွေ့ခဲ့ပြီး အထူးတပ်ဖွဲ့က သူတို့ကိုဖမ်းခဲ့သည်။ ၂ ယောက်ထွက်ပြေးခဲ့ပြီး သာအူသန်မြို့ရှိ နောင်သောင်မြို့နယ်မှ အသက် ၃၆ နှစ်ရှိသူ ဝိသာရ ရီယာဘတ်ကို ထိန်းသိမ်းရမိခဲ့သည်။ ထိုသေတ္တာ ၂ ခုတွင် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ(အိုက်စ်) ၁.၀၈ ကီလိုဂရမ်ကို

လာအိုနိုင်ငံမှ မဲခေါင်မြစ်ကိုကူးပြီး ထိုင်းဘက်သို့မှောင်ခိုကူးရန် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ ၁ ကီလိုဂရမ်သယ်လာသည့် အမျိုးသားတယောက်ကို ထိုင်းစစ်သားများက အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့သည်။

သာချမ်ပါမြို့နယ်မှရွာတရွာအနီး မဲခေါင်မြစ်ကမ်းပါးတွင် အထူးတပ်ဖွဲ့မှ ကင်းလှည့်အဖွဲ့က စောင့်ဆိုင်းခဲ့သည်။

အင်္ဂါနေ့ညတွင် လာအိုမှမူးယစ်ဆေးများမှောင်ခိုသယ်ဆောင်လာမည်ဟု သတင်းအရ နေရာဖြန့်ကျက်ယူထားခြင်းဖြစ်သည်။

မြစ်ကမ်းတွင် သေတ္တာ ၂ လုံးကိုတင်နေသည့်အမျိုးသား ၃ ယောက်ကို တွေ့ခဲ့ပြီး အထူးတပ်ဖွဲ့က သူတို့ကိုဖမ်းခဲ့သည်။

၂ ယောက်ထွက်ပြေးခဲ့ပြီး သာအူသန်မြို့ရှိ နောင်သောင်မြို့နယ်မှ အသက် ၃၆ နှစ်ရှိသူ ဝိသာရ ရီယာဘတ်ကို ထိန်းသိမ်းရမိခဲ့သည်။

ထိုသေတ္တာ ၂ ခုတွင် မက်သာဖက်တမင်းဆေးပြား ၇၄၀၀၀ နှင့် မက်သာဖက်တမင်းအခဲ(အိုက်စ်) ၁.၀၈ ကီလိုဂရမ်ကို အထုပ်အသေးများဖြင့် ထည့်ထားသည်တို့ ပါဝင်သည်။

တန်ဖိုး ဘတ် ၁၀ သန်းရှိပြီး လာအိုနိုင်ငံမှလှေဖြင့် မှောင်ခိုကုန်ကူးလာခြင်းဖြစ်သည်ဟု ယူဆရသည်။

ဖမ်းခံရသူလည်း မူးယစ်ဆေးသုံးစွဲထားပုံရကြောင်း စစ်သားများကပြောပြီး သူ့ကို မူးယစ်ဆေးကုန်ကူးမှုဖြင့် သာအူသန်ရဲတပ်ဖွဲ့ထံလွှဲပြောင်းပြီး တရားရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

အာစီယံဒေသတွင်း

ရွှေတြိဂံဒေသက ကျားဖြန့်လုပ်ငန်းတွေမှာသုံးမယ့် ဖုန်းဆင်းကတ် ၅ထောင်နီးပါးနဲ့ ဖုန်းအလုံး ၃၅၀ နီးပါးကို မဲခေါင်မြစ်ကမ်းဘေးမှာ ထိုင်းရဲဖမ်းမိ

ရွှေတြိဂံဒေသတွင်းပါဝင်တဲ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်နယ်၊ ချိုင်ဆန်းအရပ်က မဲခေါင်းမြစ်ဘေး သစ်ပင်အောက်မှာ မသင်္ကာဖွယ်ရာ စက္ကူပုံးတွေ၊ ပလတ်စတစ် ပုံးတွေကို အကောက်ခွန်အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊
အာစီယံဒေသတွင်း

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ် သန်း ၈၀ မဲဆောက်မှာ ဖမ်းမိ

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဘတ်ငွေ သန်း ၈၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဧပြီ ၁၇ ရက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

အမှတ် (၂) တံတားက သောင်မတင်ရေမကျဖြစ်နေတဲ့ စစ်ကောင်စီတပ် ၁၀၀ ကျော်အရေး ထိုင်းအစိုးရ ဆုံးဖြတ်ဖို့ အခက်တွေ့

မဲဆောက်ဘက်ခြမ်းမှာ မီဒီယာပေါင်းများစွာဟာ နေ့ညမပြတ် အမှတ် (၂) တံတားတွင်းက စစ်ပြေးအုပ်စု အခြေ အနေကို စောင့်ကြည့်နေကြပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

စစ်ကောင်စီလေယာဉ်တွေ လေပိုင်နက်ထဲဝင်လာရင် ၅ မိနစ်အတွင်း တိုက်ခိုက်ဖို့အသင့်လို့ ထိုင်းလေတပ်မှူး ဖွင့်ဟ

စစ်ကောင်စီ လေယာဉ်တွေ လာရောက်တိုက်ခိုက်လို့ လေပိုင်နက်ကျော် လွန်လာရင် တားဆီးတိုက်ခိုက်သွားဖို့ ၅ မိနစ်အတွင်း အသင့်အနေအထားပြင်ထားတယ်လို့ ပြောဆိုလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းလေပိုင်နက် အထိပါးမခံဘူးလို့ဆိုကာ F16 တိုက်လေယာဥ်တွေ အသင့်ပြင်

မြ၀တီ ၂၇၅ တပ်က စစ်သား ၂၀၀ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ထွက်ပြေးရောက်ရှိနေချိန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာက မြ၀တီစစ်ပွဲဟာ ပြည်တွင်းရေးဖြစ်တာကြောင့် ထိုင်းလေပိုင်နက်ကို ကျူးကျော် အသုံးပြုတာကို လက်ခံမှာမဟုတ်ဘဲ F 16 တိုက်လေယာဉ်တွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ထိုင်းမှာ အွန်လိုင်းမှလိမ်လည် ဈေးရောင်းချမှု ၃ လအတွင်း ဘတ် ၁ ဘီလီယံကျော်ရှိ

အွန်လိုင်းလိမ်လည် ပစ္စည်းရောင်းချရေးလုပ်ငန်းတွေက အဆိုးရွားဆုံးဖြစ်နေသေးပြီး ၂၀၂၄ ပထမ ၃ လပတ်အတွင်းမှာပဲ နိုင်ငံတစ်ဝန်း လိမ်လည်ခံရမှုတန်ကြေး ဘတ် ၁ .၀၂ ဘီလီယံရှိခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တော်ဖြစ်လာပြန်လို့ ချင်းမိုင်မှာ ၃ ရက် နေအိမ်မှသာ အလုပ်လုပ်ဖို့ အမိန့်ထုတ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဟာ ဧပြီ ၉ ရက် ဒေသစံတော်ချိန် နံနက် ၉နာရီ ၂၀ မိနစ်တိုင်းတာချက်အရ လေထု တစ်ကုဗတီတာအတွင်းဖုန်မှုန့် ၂၀၃ မိုက်ခရိုဂရမ် အထိပါဝင်နေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
အာစီယံဒေသတွင်း

ဆူညံလို့ တိုင်ကြားခံရတဲ့ မြန်မာလူငယ် ၄၀ ပြန်ပို့ဖို့ ထိုင်းစီစဥ်နေ

မြန်မာနိုင်ငံသားလူငယ် အယောက် ၄၀ ဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ ရွမ်ဖိုငန်ရွာက နေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ရာမှာ အုပ်စုလိုက် ဆူညံနေလို့ တိုင်ကြားခံရမှုကနေ ဖမ်းဆီးခံရ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now