မှုခင်းသတင်း

မန္တလေးမှာ ဓါးပြအတိုက်ခံရတဲ့ အိမ်ကိုအလည်သွားမိလို့ ဒုရဲမှူး ပစ်သတ်ခံရ

မဲခေါင် 26 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ် ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းကျေး ရွာက နေအိမ်တစ်လုံးကို အမည်မသိအမျိုးသား ၈ ဦး ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး ဓားပြတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ ဓါးပြတိုက်ရင်း နောက်ဆက်တွဲအဖြစ် အိမ်လည်လာတဲ့ ဒုရဲမှုး အသတ်ခံရတာလို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ် ကွက်၊ ၄၄ လမ်းနဲ့ ၁၃၆ လမ်း၊ ညောင်ပင်ကုန်းကျေး ရွာက နေအိမ်တစ်လုံးကို အမည်မသိအမျိုးသား ၈ ဦး ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး ဓားပြတိုက်မှုဖြစ်ပွါးခဲ့ပါတယ်။ ဓါးပြတိုက်ရင်း နောက်ဆက်တွဲအဖြစ် အိမ်လည်လာတဲ့ ဒုရဲမှုး အသတ်ခံရတာလို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီဝန်းကျင်က ဓားပြတိုက်ခံရတဲ့နေအိမ်ကို ဒုရဲမှူးဝင်းမင်းသန်း (အမှတ်၆မီးရထားရဲ) လာရောက်လည်ပတ်နေချိန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စကားပြောစက်မှ အသံထွက်လာတဲ့အတွက် ရဲမှန်းသိသွားပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

“အဲ့အိမ်ကဒုရဲမှူးမိန်းမရဲ့အစ်မဖြစ်သူနေတဲ့အိမ်ပါ။ သူကလာလည်တုန်း ဓားပြတိုက်မှုဖြစ်တာ။ သူ့အိတ်ထဲကစကားပြောစက်ကနေ အသံတွေထွက်လာတော့ ဓားပြတိုက်တဲ့သူတွေ ကြားသွားပြီး ရဲမှန်းသိလို့ သတ်သွားတာ။ ကျန်တဲ့သူတွေကိုတော့ဘာမှမလုပ်ဘူး။ ပစ္စည်းနဲ့ငွေတွေတော့ ယူပြီးထွက်သွားကြတာ” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။

ဓားပြတိုက်ခံရလို့ငွေကျပ် သိန်း ၃၀၀၊ ရွှေ ၂ ကျပ်ခွဲသားတို့ကိုယူဆောင်သွားပြီး သေဆုံးသွားတဲ့ ဒုရဲမှူးအိတ်အတွင်းက ခြောက်လုံးပြူး ၁ လက် ကျည် ၁၈ တောင့်တို့ကို ယူဆောင်သွားပြီး ဒုရဲမှူးဝင်းမင်းသန်းကို သေနတ်နဲ့ ၂ ချက်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

မူဆယ်တွင် အိမ်ထောင်စုစာရင်းနှင့် စာအုပ်နီအတုပြုလုပ်ကာ ငွေလိမ်လည်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

မဲခေါင်၊ ဇန်နဝါရီ ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းအတု၊ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နီအတုနှင့် ယာယီဖြတ်သန်းခွင့်လက်မှတ်အတုများကို ပြုလုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်နေသူ အမျိုးသမီးတစ်ဦးကို
နေ့စဥ်သတင်း မြန်မာ့နွေဦး မှုခင်းသတင်း

လွိုင်လင်နှင့် နမ့်စန်ကြား ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ တစ်ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်နှင့် နမ့်စန်မြို့ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး ယာဥ်ပေါ်ပါ ၁၁ ဦးထဲမှ အမျိုးသားတစ်ဦး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ဟိုပုံးဈေးတွင် ဖုန်းလုသည့် အမျိုးသမီးတစ်ဦးအား ဈေးသည်များ ဝိုင်းဖမ်းသော်လည်း စည်ပင် ပြန်လွှတ်ပေး

မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ဈေးတွင် ဖုန်းလုသော အမျိုးသမီးတစ်ဦးကို ဈေးသည်များက ဝိုင်းဖမ်းပေးခဲ့သော် လည်း စည်ပင်က လာခေါ်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၃ ရက် တွင် ယင်းအမျိုးသမီးသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

ပင်လောင်းတွင် တစ်ပတ်အတွင်း ဆိုင်ကယ် လုယက်မှု ၂ ကြိမ်ဖြစ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခု တစ်ပတ်အတွင်း ဆိုင်ကယ်လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်တွင် တီကျစ်မြို့၊ သံတဲရွာအနီးတွင် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

မိုင်းဆတ်တွင် ယာဉ်တိမ်းမှောက်မှု ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

သိန္နီမြို့ စိန်နဂါး စက်သုံးဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရှမ်းမြောက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ဖွင့်လှစ်ထားသော စိန်နဂါး စက်သုံးဆီဆိုင် ယနေ့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီလောင်မှု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

အေးသာယာမြို့ တပင်ရွှေထီး ဓာတ်ဆီဆိုင် မီးလောင်

မဲခေါင်၊ ဒီဇင်ဘာ ၁၆ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ တပင်ရွှေထီး ဓာတ်ဆီဆိုင် ဆီဂို ထောင်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။ မီးလောင်မှုမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွားများ ဝင်တိုက်မှု ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် ကျောက်သယ်ကား ဘရိတ်ပေါက်ပြီး လမ်းသွား လမ်းလာများအား ဝင်တိုက်မိရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒေသခံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now