မဲခေါင်၊ မတ် ၁၀
မန္တလေးတိုင်းအတွင်း ဆိုင်းကယ်နဲ့ကားတွေ အသုံးပြုပြီး ဓားခုတ် လုယက်နေတဲ့ လူဆိုးဂိုဏ်းဝင် အမျိုးသား ၇ ဦးကို ဓားမျိုးစုံ၊ ဆိုင်ကယ် ၂ စီး၊ ကားတစ်စီးနဲ့အတူ မတ်လ ၄ ရက်နေ့၊ ညပိုင်းမှာ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
အောင်ပင်လယ်နယ်မြေရဲစခန်းမှ ကင်းလှည့်နေစဉ် ၁၁၀ မနော်ဟရီလမ်းနဲ့ ၅၅လမ်း၊ ၅၆ လမ်းကြားမှာ ကားတစ်စီးနဲ့ ဆိုင်ကယ် ၂ စီးကို မသင်္ကာလို့ ရဲစခန်းကို ခေါ်ယူစစ်ဆေးရာမှ ဓားခုတ် လုယက်ဂိုဏ်းကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
“ တောင်ငူမြို့က တစ်ကောင်ပါတယ်။ ကျန်တဲ့ ၆ ယောက်ကတော့ မန္တလေးက လူတွေ။ လှည့်ကင်း ပတ်နေတုန်း မသင်္ကာလို့ စစ်ရာကနေ ပေါ်တာ။ သူတို့ လုထားတဲ့ အမှုတွေကတော့ စစ်ဆေးနေတုန်း ရှိသေးတယ်။ ကျန်တာတော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။
ပြစ်မှု ကျူးလွန်သူတွေလို့ ရဲတပ်ဖွဲ့က စွပ်စွဲထားတဲ့ မျိုးသိန်းထွန်း-ထွန်တုံးရပ်ကွက်၊ သက်နိုင်ထွန်း- သင်ပန်းကုန်းရပ်ကွက်၊ မြတ်မင်း-တမ္မဝတီရပ်ကွက်၊ ကောင်းခန့်-ထွန်တုံးရပ်ကွက်၊ အောင်ကျေလှိုင် -ဆရပ်ကွက်၊ သန့်ဇင်ဦး-ကျွန်းစုရပ်ကွက်နဲ့ ညီမင်းခန့်-၁၉ ရပ်ကွက် တောင်ငူ မြို့မှာ နေထိုင်သူများကို လက်နက်မျိုးစုံနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်း အတွင်း လုယက်မှုတွေ နေ့စဉ် ဖြစ်ပွားနေပြီး ဓားနဲ့ထိုး ခုတ် လုယက်မှုတွေ ပိုများလာတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
MK-005