မှုခင်းသတင်း

ပူနားကိုမှာ စိတ်ကြွဆေးပြား ၆ သန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာ အုပ်စု၊ ပူနားကိုကျေးရွာအနီးရှိ ရာဘာခြံကို သတင်းအရ ဇန်နဝါရီလ ၂၂ရက်၊ ညနေ ၃ နာရီဝန်းကျင်အချိန်က ဝင်ရောက်ရှာဖွေရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲဒီခြံအတွင်းရှိ တစ်ထပ်တိုက်အတွင်းမှာ ကျဘို၊ ကျရှော တို့၂ဦးကို ငွေကျပ် ၄ ဒသမ ၁၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ၅သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၂ကီလို၊ ပစ္စတို ၁လက်၊ HK 33 သေနတ် ၁လက်၊ M-16 သေနတ် ၁လက်၊ K-12 သေနတ် ၁လက်၊ တစ်လုံးထိုးသေနတ် ၁လက်၊ ကျည်မျိုးစုံ ၁၆၅၀တောင့်၊ လက်ပစ်ဗုံး ၇ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကျဘိုနဲ့ ကျရှောတို့ ၂ဦးကို ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့(CCDAC)က ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။

ရှမ်းအရှေ့ပိုင်းက မိုင်းဆက်မြို့နယ်ထဲမှာ ဒီလိုမူးယစ်ဆေးဝါး အမြောက်အများဖမ်းဆီးရမိတာ အရင်ကလည်း ရှိခဲ့ပြီး ၂၀၁၉ခုနှစ် ဇွန်လအတွင်းက တန်ဖိုး ကျပ်ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ဖမ်းမိတယ်လို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်ခရိုင်ဟာ အာဏသိမ်းစစ်တပ်လက်အောက်ခံ​ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ ကြီးစိုးတဲ့ ဒေသလည်းဖြစ်ပါတယ်။

MK-008

#MeKongNews #တာချီလိတ် #ပူနားကို #မူးယစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး မှုခင်းသတင်း

တာချီလိတ်မှာ နေအိမ်မီးလောင်လို့ လေဖြတ်လူနာသေဆုံး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်မှာ မတ် ၂၂ ရက် ညနေပိုင်းက နေအိမ်တစ်လုံးမီးလောင်လို့ လေဖြတ်လူနာ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့
မှုခင်းသတင်း

ညောင်ရွှေမှာ လူတစ်ဦး ဆိုင်ကယ်မှောက်ပြီး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေဦးကျေးရွာမှာ မနေ့ (မတ် ၈) ညက အမျိုးသား တစ်ဦး ဆိုင်ကယ် တိမ်းမှောက်ပြီး ပွဲချင်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

နမ့်ခမ်းမြို့နယ်က ကျားဖြန့် ငွေလိမ်ဂိုဏ်းကို SSPP စီးနင်း၊ တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးပြီး တရုတ် အစိုးရထံ လွှဲအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်း တစ်ခုကို နိုဝင်ဘာ ၂၃ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ် အစိုးရထံ ပြန်လွှဲပေးခဲ့တယ်လို့ မနေ့က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

ထိုင်းသံအမတ်ဟောင်းကို သတ်တယ်ဆိုတဲ့ မြန်မာလူငယ် မြန်မာပြည်ဘက်ပြေးသွားတယ်လို့ ထိုင်းရဲထုတ်ပြန်

ဘန်ကောက် ချာတူချက်ခရိုင်က နေအိမ်မှာ ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးဟောင်းရဲ့ အလောင်းကို ပုပ်ပွသေဆုံးနေတာတွေ့ရကြောင်းထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်နေ့က ကြေညာခဲ့နောက် လူသတ်မှုကျူးလွန်တဲ့ မြန်မာဆယ်ကျော်သက်လူငယ်ဖြစ်ဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ နေ့ခင်းကြောင်တောင် ရဲအသွင်ယူ လက်ထိပ်ခတ် ဓါးပြတိုက်မှုဖြစ်ပွား

မဲခေါင်၊ သြဂုတ် ၂ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာ မီးပုံးပျံကွင်းမှာ မနေ့ ဩဂုတ်လ ၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ရဲအသွင်ယူ လက်ထိပ်ခတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မှုခင်းသတင်း

သိန္နီမြို့နယ်က အိုရီယမ်တယ်တိုးဂိတ် ဓားပြတိုက်ခံရပြီး လမ်းကြေးကောက်ခံရငွေ အကုန်ပါသွား

မဲခေါင်၊ မေ ၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ လူ ၈ ဦးက မေလ ၃ ရက်မှာ ဓားပြတိုက်သွားလို့ လမ်းကြေးကောက်ခံရငွေတွေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

တာချီလိတ်မှာ ဓာတ်ဆီဘူးကိုင်ထားစဉ် ဆေးလိပ်မီးပွားကျလို့ လူတစ်ဦး မီးလောင်

မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဓာတ်ဆီဘူးကိုင်ထားတဲ့သူအပေါ် ဆေးလိပ်မီးပွါးကျလို့ မီးလောင်မှု ဧပြီလ ၁၈ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now